Home » , , , » Gabi (2012)

Gabi (2012)




“Russian Coffee ”ဆိုတဲ့ ဝတ္တုကို ပြန်လည်ရိုက်ကူးထားတဲ့ ၁၉ရာစုနှောင်းပိုင်း ကိုရီးယားမှာ ကော်ဖီ ဆိုတာ စတင်အခြေချလာတဲ့ ကာလနောက်ခံနဲ့အတူ

ရုရှားနဲ့ကိုရီယားအပါအဝင် location အတော်များများ ပြောင်းရိုက်ထားတဲ့ ဇာတ်ကားလေး ဖြစ်ပါတယ်

သရုပ်ဆောင်တွေကတော့ ထူးပြောပြစရာမလိုတော့တဲ့ Joo Jin Moနဲ့ တမိုးအောက်တယောက် ချောင်းဆောဂျင် (Kim So-yeon)ဖြစ်တာမို့ ကြည့်ဖို့ တန်နေပါပြီ




ဇာတ်လမ်းအကျဉ်းပြောပြရရင်အီလီရီချဲ့နဲ့တန်ယာ နှစ်ယောက်ဟာ ငယ်ငယ်တည်းကအတူကြီးပြင်းလာပြီး သိပ်ချစ်ကြတဲ့ချစ်သူတွေပေါ့

သူတို့က ဥရောပ ကုန်သည်တွေဆီက ကော်ဖီစေ့တွေကို ဓားပြတိုက်ပြီး မင်းမျိုးနွယ်တွေဆီ ပြန်ရောင်းချတဲ့အလုပ်ကို လုပ်ရင်း
တနေ့ ရုရှားစစ်သားတွေဆီ မိသွားပြီး အသတ်ခံရတော့မယ့်ဆဲဆဲမှာ ဂျပန်ဘက်က ကယ်ဆယ်လိုက်ပါတော့တယ်

သူတို့နှစ်ယောက်ရဲ့ အရည်အချင်းကို အသုံးချပြီး ဂျပန်တွေဘက်က ရုရှားနဲ့ ဂျိုဆွန်းနှစ်နိုင်ငံကြား ဆက်သွယ်မှုတွေကို သိရဖို့ အကြပ်ကိုင် ပြီး သူလျှိုလုပ်ခိုင်းလာတဲ့အခါ…

ဘုရင့်လူယုံတော်အဖြစ်နဲ့ ဂါဘီဖျော်ဆက်သဖို့ တန်ယာဟာ ဂျိုဆွန်းနန်းတွင်းထဲ ဝင်ခဲ့ရပြီး အီလီရီချဲ့ဟာ ဂျပန်တပ်သားအဖြစ် လျှို့ဝှက်အစီအစဉ်တွေကို ဖော်ထုတ်ရင်း

နောက်ဆုံးမှာ ဂါဘီ လက်ဖက်ရည်ကို ဂျိုဆွန်းမင်းကြီးထံ အဆိပ်ခတ် ဆက်သရမယ်ဆိုတဲ့ ဂါဘီစစ်ဆင်ရေးကို စတင်ခဲ့ပါတော့တယ်

အဲ့ဒီ ဂါဘီစစ်ဆင်ရေးမှာ တန်ယာဟာ ဘုရင်ကို လုပ်ကြံလိုက်နိုင်ပါ့မလား

အဲ့ဂါဘီစစ်ဆေးရေးဆိုတာ သူတို့အတွက် ဘယ်လိုအဓိပ္ပါယ်မျိုးကို ဆောင်ကြဉ်းပေးသွားသလဲ ဆိုတာကို ဒီရုပ်ရှင်ထဲမှာ ကြည့်ရှုလိုက်ကြရမှာပါ ။

0 Comments:

Post a Comment

Popular Posts

Video Of the Day

3/recent/post-list

Contact Us

Name

Email *

Message *