Home » , , , » Kicking Out Shoshana (2014)

Kicking Out Shoshana (2014)




ဒီဇာတ်ကားကတော့ မမ Gal Gadot သူ့နိုင်ငံအစ္စရေးမှာ ရိုက်ကူးထားတဲ့ ဟီဘရူးစကားပြော ရှားပါးဇာတ်ကားလေးပါ…

HD Quality အစစ်နဲ့ ဟီဘရူးအသံရရှိဖို့ ကိုယ်တိုင် Edit ပြန်ထိုင်ထားရတဲ့ ဇာတ်ကားလေးမို့

အင်တာနက်ပေါ်မှာ CM ကလွဲပြီး ဘယ်မှာမှမရှိသေးပါဘူး။




ဇာတ်လမ်းကတော့ ….

ဂျေရူစလင်သားများဆိုတဲ့ ဘောလုံးအသင်းက တိုက်စစ်မှူး အာမီရှူရှန်ဟာ

ပရီးမီးယားလိဂ်တွေ ချန်ပီယံလိဂ်တွေသွားရဖို့ထိ မျှော်လင့်ထားကြတဲ့ ဘောလုံးကစားတစ်ဦးဖြစ်ပေမယ့်

အစ္စရေးလိဂ်မှာပဲ တစ်နေရတဲ့ဘဝပေါ့….

မမ Gal Gadot ကျတော့ ဒီဇာတ်ကားထဲမှာ တော်တော်ဇာတ်နာရပါတယ်…

ငယ်စဉ်ကတည်းက ဆင်းရဲပြီး အ‌ကြွေးပေါ်အကြွေးဆင့်နေတဲ့မိဘတွေဆီမှာမွေးဖွားလာတဲ့သူမို့

သူ့ကိုကြိုက်နေတဲ့ဂိုဏ်းစတားတစ်ယောက်ရဲ့ မွေးပြီးတော့ စားခြင်းခံနေရတဲ့ဘဝပါ…

တစ်နေ့တော့ မမနဲ့ မင်းသားရှူရှန်တို့ နိုက်ကလပ်တစ်ခုမှ မတော်တဆ ဆုံမိကြပါတယ်…

ရှူရှန်က ဘာသားနဲ့ထုထားတာမလို့လဲ…ချက်ချင်းပဲ မမကိုကြွေကျတာပေါ့…

မမရဲ့အပြုံးတွေကလဲ အပြင်ကအတိုင်းပဲလေ…သေလောက်အောင် ဆွဲဆောင်နိုင်တာကိုး…

ဒီတော့ နိုင်ငံကျော်ဘောသမားနဲ့ နယ်မရွေးလူမိုက်တို့ မမရဲ့အချစ်ကိုရဖို့

မယ်သီတာရဲ့ ရာမနဲ့ဒဿလို လုကြမှာပါ..

သူတို့ကတော့ လေးတော်မတင် စစ်မခင်းဘဲ မီဒီယာစစ်ပွဲဆင်နွှဲကြမှာပါ…

ဇာတ်လမ်းက သွက်သွက်လက်လက်နဲ့အခွီတွေပါ တင်ဆက်ထားတာမို့ ကြည့်ရင်းရယ်နေရပါတယ်…

ဒါ့အပြင် LGBT နဲ့ပတ်သက်ပြီးတော့လဲ အတွေးအမြင်လေးတချို့ကို ချပြထားနိုင်ပါသေးတယ်…

နောက်ထပ်အရေးကြီးတဲ့အချက်ကတော့…

ဒို့မမလေ… အရမ်းကိုလှတာပဲဗျာ။

0 Comments:

Post a Comment

Popular Posts

Video Of the Day

3/recent/post-list

Contact Us

Name

Email *

Message *