Home » , , , , » Don’t Breathe 2 (2021)

Don’t Breathe 2 (2021)




Don’t breath(2016) ထဲက မျက်မမြင်အဘိုးကြီးက ကြမ်းတုန်းပါပဲ။

ဒီကားမှာတော့ပိုကြမ်းတယ်လို့ပြောလို့ရတယ်။


အရင်က အိမ်ကိုဖောက်တဲ့သူခိုးလေးတွေကိုတွယ်တာ…
အခုကမူးယစ်ဆေးနဲ့ ကိုယ်အင်္ဂါကုန်ကူးတဲ့လူတွေကိုတွယ်မှာပါ။
Don’t breath ဆိုတဲ့အတိုင်း အသက်ရှူဖို့တောင် မနားနိုင်အောင် ကြမ်းပါတယ်။ဇာတ်လမ်းအကျဉ်းကတော့

Don’t breath(2016)ရဲ့အဖြစ်အပျက်ဖြစ်ပြီး ၈ နှစ်အကြာကာလမှာ ဇာတ်အိမ်တည်ထားပါတယ်။
မျက်မမြင်အဘိုးကြီးက ကလေးမလေးတစ်ယောက်နဲ့နှစ်ယောက်တည်း သီးသန့်နေပြီး
ကလေးမလေးကို မိမိကိုယ်ကိုခုခံကာကွယ် အသက်ရှင်နိုင်ဖို့ သင်ခန်းစာတွေပို့ချထားပါတယ်။




တစ်နေ့ ကလေးမလေးကို မြို့ထဲအလည်အပတ်လွှတ်လိုက်တဲ့အချိန် ဂေါက်တောက်တောက်လူနဲ့တွေ့ပြီး
အဲဒီလူနဲ့အပေါင်းအပါတွေက ကလေးမလေးနောက်ကလိုက်လာရာက
မျက်မမြင်ဘိုးတော်နဲ့ တွေ့ကြတဲ့အခါ…

မျက်မမြင်ထင်ပြီး လျှော့တွက်ကြမယ့်ကောင်တွေနဲ့ မျက်စိသာမမြင်ပေမယ့်
အသတ်အပုတ်ရှယ်ကြမ်းတဲ့ ဘိုးတော်တို့ ဘယ်လိုစခန်းသွားကြမလဲဆိုတာ…။

Horror, Thriller ဇာတ်ကားလို့ သတ်မှတ်ထားပေမဲ့ Action ဖက်ကိုပိုပြီးသွားပါတယ်။

ဇာတ်လမ်းကလည်းသွက်တယ်။

သတိပြန်ပေးရဦးမယ် အသက်ရှူဖို့မမေ့ပါနဲ့ဦး။

0 Comments:

Post a Comment

Popular Posts

Video Of the Day

3/recent/post-list

Contact Us

Name

Email *

Message *