Home » , , , » The Rebels of PT-218 (2021)

The Rebels of PT-218 (2021)

 

 


ဒုတိယကမ္ဘာစစ်အတွင်းမှာ သင်္ဘောကပ္ပတိန်စနိုးဦးဆောင်တဲ့ SS Lawton B. Evans ကုန်တင်သင်္ဘောဟာ

PT လို့ခေါ်တဲ့တော်ပီဒိုပစ်သင်္ဘောငယ်တွေကို လိုက်ပါစောင့်ရှောက်ပေးရတဲ့ သင်္ဘောဖြစ်ပါတယ်။

Lawton B. Evans ဟာစစ်သင်္ဘောမဟုတ်ပေမယ့် စစ်ဆင်ရေးနေရာအတွင်းက တစ်ခုတည်းသော

စွမ်းဆောင်ရည်အမြင့်ဆုံးသင်္ဘောဖြစ်လို့ ပီတီသင်္ဘောတွေနဲ့အတူ ဂျာမန်အင်ပါယာရဲ့ အင်အားနည်းရာ

အီတလီကမ်းခြေတစ်ခုကို တက်သိမ်းဖို့အမိန့်ရလိုက်ပါတယ်။

လမ်းခရီးမှာ ဂျာမန်ရေငုပ်သင်္ဘောတွေနဲ့ ရင်ဆိုင်ခဲ့ရပြီး အတူပါလာတဲ့ PT သင်္ဘောတွေကို ဆုံးရှုံးလိုက်ရတဲ့အပြင်

 


 

ကမ်းခြေနားနီးကပ်နေချိန်မှာ တပ်ကူသင်္ဘောတွေ မလာနိုင်တော့လို့ စစ်ဆင်ရေးဖျက်သိမ်းဖို့ အမိန့်ရလိုက်တဲ့အခါ

စစ်တိုက်ဖို့မဟုတ်တဲ့ကုန်တင်သင်္ဘောပေါ်က ကပ္ပတိန်စနိုးဟာ ခက်ခဲတဲ့ဆုံးဖြတ်ချက်တစ်ခုကို ချရတော့မှာဖြစ်ပါတယ်။

ဒုတိယကမ္ဘာစစ်က ဖြစ်ရပ်မှန်တစ်ခုကို အခြေခံရိုက်ကူးထားတာဖြစ်ပြီး Machete ကားရဲ့မင်းသားကြီး Trejo လည်းပါပါတယ်။

 

 

0 Comments:

Post a Comment

Popular Posts

Video Of the Day

3/recent/post-list

Contact Us

Name

Email *

Message *