Home » , , , » Uppena(2021)

Uppena(2021)




တေလဂူးလ်ကားတွေထဲ အချစ်ကားဆို သိပ်မကြိုက်ပေမယ့်
ဒီကားလေးကတော့ အတော်လေး သဘောကျစရာကောင်းတယ်လို့ပဲ
ပြောရမှာပေါ့. ဇာတ်လမ်းအစမှာ ကြည်နူးဖွယ်ဇာတ်ဝင်ခန်းတွေ
အလယ်လောက်မှာတော့ ခံပြင်းစရာဇာတ်ဝင်ခန်းမျိုးနဲ့
ဇာတ်လမ်းအဆုံးမှာတော့ မထင်မှတ်ထားတဲ့
အချိုးအကွေ့နဲ ဆွဲဆောင်သွားမယ့် ဇာတ်အိမ်မျိုးနဲ့ ရိုက်ကူးထားပါတယ်.
မျိုးရိုးမတူတဲ့ လူငယ်နှစ်ယောက်ကြားက မေတ္တာရယ်
မျိုးရိုးဇာတ်ဆိုတာကြီးကို သိပ်ကို ပြင်းထန်စွာ ခံယူထားတဲ့ ရာယာနမ်ဆိုတဲ့ လူကြီးရဲ့
အတ္တတရားကို အိုဗာအက်တင်သိပ်မပါပဲ ကြည့်ရမယ့်ကားမျိုးပေါ့.
ကုလားပြည်မှာက မျိုးရိုးဇာတ်ခွဲခြားမှုတွေ သိပ်ကိုပြင်းထန်ခဲ့တာပေါ့ဗျာ.
လူလူချင်းတူပေမယ့် မျိုးရိုးဇာတ်နိမ့်သူက ပညာတက်ဖြစ်ရင်တောင်
အဖတ်မလုပ် မတူမတန်ရွံစရာသလို ဆက်ဆံခံရတဲ့ အန္ဒိယပြည့်ရဲ့
အရိပ်မည်းကြီးကို ဒီကားက အခြေပြု ရိုက်ကူးထားပါတယ်.

ဇာတ်လမ်းအကျဉ်း
—————–
ရာယာနမ်ဆိုတဲ့ လူကြီးက ရွာရဲ့မျက်နှာဖုံး
မျိုးရိုးဇာတ်အမြင့်ကိုမှ လူလို့ထင်တဲ့လူ.
သမီးဖြစ်သူကို ကောလိပ်တတ်ဖို့
ရွာကို မြို့ကောလိပ်က ဘတ်စ်ကားကိုပါ
လာခေါ်ခိုင်းနိုင်ပြီး တရွာလုံးကလူတွေကို
သေဆိုသေရှင်ဆိုရှင်စေနိုင်တဲ့ထိ အာဏာဆက်ပြင်းတဲ့လူကြီး.
သမီးဖြစ်သူ ဆဂီးသာကတော့ ဖြူစင်တဲ့ကောင်မလေးပေါ့.
သူမ အဖေရာယာနမ်က သူ့ကိုသိပ်ဂရုမစိုက်ဘူးခံစားရလို့
အားကိုးရမယ့် ချစ်သူကို ရှာဖွေနေသူပါ. တနေ့တော့
မထင်မှတ်ပဲ သူ့ကျောင်းအပြန်လမ်းက ရန်ပွဲမှာ
သူ့ရင်ခုန်ရာ ကောင်လေးကိုရှာတွေ့ခဲ့ပါတယ်.
ကောင်လေးက သူတို့ရွာနားက ကမ်းစပ်မှာ
နေထိုင်စားသောက်ပြီး တံငါသည်လုပ်ငန်းနဲ့
အသက်မွေးရတဲ့ ဆင်းရဲသားမျိုးရိုးဇာတ်နိမ့်သူ.
ဒါပေမယ့် သူမကတော့ ဒါတွေစိတ်မဝင်စားခဲ့ပါ.
သူမတို့နှစ်ယောက်ရဲ့ အချစ်ရေးကို အဖေဖြစ်သူ
ရာယာနမ်က သိတဲ့အခါမှာတော့………

တကယ်ကို ကောင်းတဲ့ဇာတ်လမ်းပါပဲ
အချစ်ရယ် မျိုးရိုးဇာတ်ခွဲခြားမှုရယ်
လွန်ဆန်တာကို လှလှပပ ရိုက်ပြထားတာမလို့
ကြည့်စေချင်ပါတယ်





DownLoad Link                  Server                  File Size                Quality   

         
    





0 Comments:

Post a Comment

Popular Posts

Video Of the Day

3/recent/post-list

Contact Us

Name

Email *

Message *