Home » , , , , , » Spin (2021)

Spin (2021)



အိန္ဒိယအမေရိကန်ကပြားတစ်ယောက်

အဓိကဇာတ်ကောင်အနေနဲ့ပါတဲ့

Disney Channel ရဲ့ပထမဆုံးဇာတ်ကားဖြစ်ပါတယ်။

တစ်ကားလုံး အင်္ဂလိပ်စကားပြောတာမို့

အိန္ဒိယကားမဟုတ်တဲ့အတွက် အကတွေအဆိုတွေဟာ


ဇာတ်လမ်းအရ ယုတ္တိရှိရှိပဲ ပါတာမျိုးဖြစ်ပါတယ်။

ရီယာဟာ အဖေဖြစ်သူရဲ့ဆန္ဒအရ

ကွန်ပြူတာကုတ်ရေးပညာကို

ကျောင်းမှာသင်ယူရင်း

မိသားစုစားသောက်ဆိုင်အလုပ်ကိုကူညီနေရသူပါ။

သူဟာ ကျောင်းပွဲတော်မှာဖျော်ဖြေမယ့်

ဒီဂျေသမားကောင်လေး မက်စ်ကို သဘောကျရာကနေ

ဒီဂျေသင်ယူဖို့ကြိုးစားရင်း

Beat တွေဖန်တီးတဲ့နေရာမှာ ပါရမီပါတာ

သိလိုက်ရပါတယ်။

မက်စ်စပ်ထားတဲ့ သီချင်းကို ကျောင်းပွဲတော်စီစဉ်သူက

သဘောမကျတဲ့အခါ ရီယာဟာ

ပညာရေးနဲ့ မိသားစုအလုပ်တွေကြားက

လုံးပမ်းရင်း

သူ့အတွေးအမြင်သစ်တွေ ခံစားချက်သစ်တွေနဲ့

ဆန်းသစ်တဲ့တီးလုံးတွေဖန်တီးဖို့

မက်စ်ကိုကူညီပေးပါတော့တယ်။

အိန္ဒိယမင်းသမီးဇာတ်ကောင်နဲ့

အမေရိကန်ဇာတ်ကားတစ်ကားဖြစ်ပြီး

အိန္ဒိယရိုးရာနဲ့ အနောက်တိုင်း DJ ကို

ရောစပ်ပြသထားတဲ့

musical အမျိုးအစားမို့

ဆန်းသစ်တဲ့မြူးမြူးကြွကြွကားမျိုးကြိုက်သူတွေအတွက်တင်မကပဲ

DJ တီးလုံးဖန်တီးမှုတွေပါ အသားပေးဖော်ပြထားတဲ့ကားမို့ သာမန်မဟုတ်ပဲ

စိတ်ဝင်စားစရာကောင်း ရသပေါင်းစုံရစေတဲ့

ဇာတ်ကားတစ်ကားဖြစ်ပါတယ်။





0 Comments:

Post a Comment

Popular Posts

Video Of the Day

3/recent/post-list

Contact Us

Name

Email *

Message *