Home » , , , , » Shershaah (2021)

Shershaah (2021)






Shershaah 2021
———————————
IMDB 9.0/10 User 3.9K

ဒီနှစ်ထဲမှာ low budget နဲ့ဇာတ်ကားတွေချည်းမို့
ကားကောင်းတွေ နည်းခဲ့တယ်။ အဲ့ဒီအထဲ
ဒီဇာတ်ကားကတော့ ကြိုက်မိပါတယ်။

ဗစ်ကရမ်ဆိုတဲ့ ငနဲက ငယ်ငယ်လေး ကတည်းက
ရန်ဖြစ်ဖို့လည်း လက်မရွံ့ခဲ့။
အကြောက်တရားက မရှိခဲ့။

ကျောင်းတွင်း ပြည်ထောင်စုနေ့၊ လွတ်လပ်ရေးနေ့တွေမှာဆို
ကျောင်းသားအားလုံးကို ကျောင်းဝတ်စုံနဲ့ မြင်ရပေမဲ့
ဗစ်ကရမ်ကတော့ အိန္ဒိယစ်စဝတ်စုံကို
ဂုဏ်ယူဝင့်ကြွားစွာ ဝတ်လာတတ်တယ်။

ငယ်စဉ်ကတည်းက မက်ခဲ့တဲ့ အိပ်မက်က
အရွယ်ရောက်လာတဲ့အခါ စစ်သားကြီးဖြစ်ဖို့ပေါ့။

သူကောလိပ်တက်စဉ်မှာတော့ အင်မတန်မှကို
ချောမောလှပတဲ့ ချစ်သူတစ်ယောက်လည်း ပိုင်ဆိုင်ထားတယ်။

အချစ်ရေးမှာရော သူ့ရဲ့ ရည်မှန်းချက် အိပ်မက်က
ဘယ်လို အတားအဆီးဖြစ်လာမလဲ။

အဲ့ဒါက ဗစ်ကရမ်ရဲ့အကြောင်းပါပဲ ။

သူ့တာဝန်ထမ်းဆောင်ရတဲ့ နေမြေကတော့
အများသိတဲ့ စစ်သွေးကြွတို့ရဲ့ နယ်မြေ
ကက်ရှ်မီးယားပါပဲ။

ကက်ရှ်မီးယားကို သူစတင်ရောက်စဉ်မကြာမီမှာပဲ
ဒေသခံတွေနဲ့ ရင်းနီးသွားတယ်။

သတင်းပေးတွေရဲ့ သတင်းတွေအရ
အကြမ်းဖက်သမားတွေကို ဘယ်လိုဖြိုခွင်းမလဲဆိုတာကိုလည်း
စစ်ကားကောင်းတစ်ကားလို ကြည့်ရမှာပါ။

အချစ်လည်း ပါသလို၊ စစ်ရေးလည်း ပါတာမို့
ကြည့်ရတာ ကျေနပ်မိစေမှာပါ။
သူတို့တပ်ရင်းရဲ့ မြင်မြင်သမျှတွေဟာလည်း
တကယ့်စစ်သားတွေလို စကားလုံးအသုံးအနှုန်းတွေကအစ
သဘာဝကျလှပါတယ်။

ဒီလို ကားကောင်းတစ်ကားကို မိတ်ဆွေတို့
အပန်းဖြေနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်။

ဪ မေ့လို့.. ရိုချင်တဲ့သူတွေအတွက်လည်း
သီချင်းလေးက ကောင်းလွန်းလို့ စာတန်းထိုးပေးထားပါတယ်ဗျ။




Download / Watch Now


Link 1            Download / Watch Now            

0 Comments:

Post a Comment

Popular Posts

Video Of the Day

3/recent/post-list

Contact Us

Name

Email *

Message *