Home » , , , , » Hit & Run (2021)

Hit & Run (2021)





Synopsis of Hit & Run (2021) Season 1 [COMPLETE]


Action ကြိုက်သူတွေအတွက် Hit and Run ဆိုတဲ့ TV series လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်
IMDB rating 7.2 ထိရထားပါတယ်။

အစ္စရေးအမေရိကန် အက်ရှင်စီးရီးလို့ ပြောရမှာပါ

ဇာတ်လမ်းလေး ဖြစ်ပွားခဲ့တဲ့နေရာက အစ္စရေးနိုင်ငံ တဲအဲဗစ်မြို့မှာပါ
ဇာတ်လမ်းအကျဉ်းလေးကတော့ အစ္စရေးလူမျိုး ဧည့်လမ်းညွန် ဆာဂေဆိုသူဟာ အမေရိကန်အကမယ်လေး ဒန်နီရယ်ဆိုတဲ့ အမျိုးသမီးနဲ့ ပျော်ရွှင်စွာ လက်ထပ်ပေါင်းသင်းနေနိုင်နေသူဖြစ်ပါတယ်

သူ့မှာ အရင်အိမ်ထောင်နဲ့ ရထားတဲ့ အယ်လာဆိုတဲ့ သမီးတစ်ယောက်လည်း ရှိပါတယ်
သူတို့ရဲ့ မိသားစုဘဝလေး သာယာပျော်ရွှင်နေချိန်မှာပဲ ဒန်နီရယ့်ကို ကားနဲ့တိုက်ပြီး ထွက်ပြေးသွားတဲ့ မတော်တဆမှုကြောင့် ဒန်နီနယ် အသက်ဆုံးရှူံးခဲ့ရပါတယ်

မတော်တဆမှုမှာ ကားတိုက်ပြေးသွားသူတွေကို စုံစမ်းဖော်ထုတ်မိတဲ့အခါ သာမန်မတော်တဆမှု မဟုတ်ဘဲ ပစ်မှတ်ထား တိုက်ခိုက်ခံရတာ ဖြစ်ကြောင်း တစစနဲ့ သိလာရပါတော့တယ်


ဆာဂေကိုယ်တိုင်က သူ့ဘဝတလျှောက်လုံး ဧည့်လမ်းညွှန်အဖြစ် အသက်မွေးခဲ့တာ မဟုတ်ဘဲ ယခင်အလုပ်ရှင်ဟောင်းရဲ့ ငြိစွန်းမှုကြောင့် သူ့ဇနီးသေဆုံးရတယ်လို့ ယူဆမိပါတော့တယ်

ဆာဂေတစ်ယောက် ဒီအမှုကို ရဲ‌တွေ ဖြေရှင်းတာထက် သူကိုယ်တိုင် ဖြေရှင်းတာ ပိုမြန်မယ်လို့ တွေးမိရာက အမေရိကန်နိုင်ငံဘက်ကို လိုက်သွားရင်း သူ့ဇနီး ဖြစ်သူရဲ့ လျှို့ဝှက်ချက်နောက်ကြောင်းတွေကို တူးဆွမိတာကို ရိုက်ပြထားပါတယ်

အက်ရှင်ကားကောင်းကောင်း တောင့်တနေသူ‌တွေအတွက်တော့ တကယ့်ကို သဘောကျမယ့် စီးရီးလေး ဖြစ်လို့ ကြည့်ရှူစေချင်ပါတယ်
အပိုင်းကိုးပိုင်းပဲရှိတဲ့ စီးရီးပေမဲ့ နာမည်ကျော် ထောက်လှမ်းရေး အဖွဲ့မော့စ်ဆတ်နဲ့ အမေရိကန်ထောက်လှမ်းရေး စီအိုင်အေတို့လို့ အဖွဲ့တွေရဲ့ ပြဿနာတွေကိုပါ ထည့်သွင်းပုံဖော်ပြီး ဇာတ်လမ်းဇာတ်ကွက် အချိတ်အဆက်မိမိနဲ့ မြှုပ်ကွက်တွေကို ဖော်သွားတာမျိုးဆိုတော့ ကြည့်ရတာ တကယ် ထိုက်တန်မှာပါ

Download / Watch Now

အပိုင်း(၁)            Download /  Watch Now

အပိုင်း(၂)            Download /  Watch Now

အပိုင်း(၃)            Download /  Watch Now

အပိုင်း(၄)            Download /  Watch Now

အပိုင်း(၅)            Download /  Watch Now

အပိုင်း(၆)            Download /  Watch Now

အပိုင်း(၇)            Download /  Watch Now

အပိုင်း(၈)            Download /  Watch Now

အပိုင်း(၉)            Download /  Watch Now

Season1 Complete

0 Comments:

Post a Comment

Popular Posts

Video Of the Day

3/recent/post-list

Contact Us

Name

Email *

Message *