Home » , , , , » Reminiscence (2021)

Reminiscence (2021)




Nick Bannister (Hugh Jackman) ကစစ်ပြန်တစ်ယောက်၊

သူ့လက်ထောက် Watts (Thandie Newton) နဲ့ အလုပ်စပ်တူလုပ်ကြတယ်..
သူတို့လုပ်တဲ့အလုပ်ကတော့ စိတ်ဝင်စားစရာပါ…
အတိတ်ကိုပြန်တမ်းတလွမ်းဆွတ်နေတဲ့ လူတွေကို စက်ကိရိယာတွေဆေးဝါးတွေ အကူအညီနဲ့
သူတို့တမ်းတနေတဲ့အတိတ်ဆီကို တစ်ဖန်ပြန်ပြီးခေါ်ယူသွားပေးနိုင်တဲ့
Reminiscence လို့ ခေါ်တဲ့ ပရိုဂရမ်တစ်ခုကိုလုပ်ကြတာပါပဲ

အတိတ်လောက်စွဲလန်းစေတဲ့အရာ ဘယ်အရာမှမရှိဘူးမဟုတ်လား?
လူတွေဟာ သူတို့ချစ်ရတဲ့သူတွေနဲ့ နောက်တစ်ကြိမ်တွေ့ခွင့်ရချင်ကြတယ်၊
ဘဝရဲ့အဓိပ္ပါယ်အရှိဆုံးအချိန်လေးတွေမှာ ပြန်လည်နေထိုင်ချင်ကြတယ်မဟုတ်လား?


ဒီလိုနဲ့ ရည်ရွယ်ချက်ကြီးမားတဲ့ သူတို့လုပ်ငန်းဆီကို Mae (Rebecca Ferguson) ဆိုတဲ့မိန်းမလှလေးတစ်ယောက် ရောက်လာပါတယ်..
သူ့ပြသနာကတော့ အိမ်ခန်းသော့ပျောက်နေလို့ပါတဲ့
ပြီးခဲ့တဲ့မနက်က သူ့အတိတ်ဆီပြန်ခေါ်သွားပေးဖို့တောင်းဆိုလာပါတယ်..
Watts ကသဘောမတူချင်ပေမယ့် အဲ့ဒီမိန်းကလေးကိုမြင်မြင်ချင်းစွဲလန်းသွားမိတဲ့
Nick ကတော့ချက်ချင်းသဘောတူပြီး ကောင်မလေးကိုလိုက်လျောရာကနေ သူတို့နှစ်ဦးဇာတ်လမ်းဖြစ်သွားပါတော့တယ်။

ဒါပေမယ့် တစ်နေ့မှာတော့ ဆူးညှောင့်ခလုတ်မရှိသာယာနေတဲ့ သူတို့ဇာတ်လမ်းလေးကနေ
Mae တစ်ယောက်ရုတ်တရက်ပျောက်ကွယ်သွားခဲ့ပါတော့တယ်။
အတိတ်တွေဟာ အမြဲမလှပနိုင်ဘူးလေ…
တစ်ခါငိုရရင် တစ်ခါမကပြုံးခဲ့ဖူးတာလဲ မင်းမမေ့နဲ့ဦးဆိုတဲ့ သီချင်းလိုပဲပေါ့..
ဘဝတွေက ဆင်းရဲရင် ပိုနက်နဲရှုပ်ထွေးတတ်တာပဲ…


ကဲ…ဒီတော့ Mae တစ်ယောက် ဘာကြောင့်ပျောက်သွားတာလဲ…
သူ့ရဲ့အတိတ်တွေကရော ဘာတွေဖြစ်နေမလဲ…
အတိတ်ကိုတူးဖော်မယ့် Reminiscence နဲ့အတူ လိုက်ပါစီးမျောကြည့်ကြပါစို့။

0 Comments:

Post a Comment

Popular Posts

Video Of the Day

3/recent/post-list

Contact Us

Name

Email *

Message *