Home » , , , » In the Name of the King: A Dungeon Siege Tale 2007

In the Name of the King: A Dungeon Siege Tale 2007


 

Jason Statham ကအက်ဘ် တိုင်းပြည်မှာ ဇနီးသည်သားတစ်ယောက်နဲ့အတူလယ်လုပ်ငန်းလုပ်ပါတယ်။

 

တစ်နေ့သူ့ဇနီးနဲ့သား မြို့ကိုဈေးရောင်းထွက်တဲ့အချိန်မှာ သူ့လယ်ကို ခရပ်ချ်ဆိုတဲ့ သတ္တဝါဆန်းကြီး

လာတိုက်ခိုက်တာခံရပြီးနောက် မြို့ကိုတက်ပြီး ဇနီးနဲ့သားကိုရှာဖို့ သူ့မွေးစားအဖေနဲ့အတူထွက်အလာမှာ

 

မှော်ဆရာတစ်ယောက်ဖြစ်တဲ့ ဂါလီယန်က ခရပ်ချ်သတ္တဝါတွေကိုထိန်းချုပ်ခိုင်းစေပြီး သူ့သားကိုသတ်

 

သူ့ဇနီးကိုဖမ်းခေါ်သွားတာကို သိလိုက်ရပါတယ်။

 

မှော်ဆရာဂါလီယန်ဟာ သူတို့ဘုရင်ရဲ့ မဟာရန်သူတော်ဖြစ်ပြီး ဘုရင့်တူနဲ့အတူ နန်းလုဖို့ပူးပေါင်းကြံစည်နေသူပါ။

 


ဒီလိုနန်းတွင်းဇာတ်ရှုပ်မှာ သာမန်အညတရလယ်သမားတစ်ယောက်ဖြစ်တဲ့သူဟာ အဓိကကျတဲ့နေရာက ပါဝင်ပတ်သက်နေတယ်ဆိုတာ

ဘုရင့်အတိုင်ပင်ခံနတ်ဆရာက အစောကြီးကြိုမြင်ခဲ့ပြီး သူ့ဆီချဉ်းကပ်လာတဲ့အခါ..။

 

သူမသိခဲ့တဲ့သူ့နောက်ခံဇာတ်ကြောင်းက ဘာလဲ၊ ဘာကြောင့်သူဟာ ဒီဇာတ်လမ်းမှာအဓိကကျနေလဲ အစရှိတဲ့ မေးခွန်းတွေနဲ့အတူ

 

မှော်ပညာတွေ သတ္တဝါဆန်းတွေနဲ့ စွန့်စားခန်းတွေကြုံဆုံရပါတော့တယ်။

 

In the Name of the King မှာ လယ်သမားအဖြစ် Jason Statham ကဦးဆောင်ပါဝင်ထားပါတယ်

 

ဒီကားဟာ တစ်ချိန်က နာမည်ကျော်ဗီဒီယိုဂိမ်းတစ်ခုဖြစ်တဲ့ Dungeon Siege ကိုအခြေခံထားတာဖြစ်ပြီး

 

နန်းတွင်းဇာတ်ရှုပ်တွေ မှော်ဆရာတွေ၊ သတ္တဝါဆန်းတွေ နဂါးတွေနဲ့ ဖျော်ဖြေရေးမှု ဦးစားပေးတင်ဆက်ထားတာဖြစ်ပါတယ်။

 

 

0 Comments:

Post a Comment

Popular Posts

Video Of the Day

3/recent/post-list

Contact Us

Name

Email *

Message *