Home » , , , » In The Name Of The King 2 : Two Worlds 2011

In The Name Of The King 2 : Two Worlds 2011

 

 


ဂရန်ဂျာဟာလက်ရှိခေတ်မှာ စစ်ပြန်အငြိမ်းစားတစ်ယောက်ဖြစ်ပြီး ကိုယ်ခံပညာအချိန်ပိုင်းသင်ပြီးအသက်မွေးပါတယ်။

တစ်နေ့ သူ့အိမ်ထဲမှာရှိနေတုန်း ရှေးအဝတ်အစားနဲ့လူတစ်စု အချင်းချင်းလာရောက်တိုက်ခိုက်ကြပြီး အဲ့ဒီထဲက

အမျိုးသမီးတစ်ယောက်ဟာ သူ့ကိုအလင်းပေါက်ကြီးတစ်ခုကနေ တစ်ဖက်ကိုခေါ်ဆောင်သွားပါတော့တယ်။

အဲ့ဒီဘက်အခြမ်းဟာ အလယ်ခေတ်ကာလဖြစ်နေပြီး ဂရန်ဂျာသိလိုက်ရတာက ရှေးဟောကိန်းတစ်ခုအရ

လက်ရှိအချိန်မှာ အကျပ်အတည်းဆိုက်နေတဲ့ အက်ဘ်ဆိုတဲ့တိုင်းပြည်ရဲ့ ကယ်တင်ရှင်ဟာ

သူဖြစ်နေတယ်ဆိုတာကိုပါပဲ။ သူ မယုံကြည်လက်မခံပေမယ့် ဘယ်လိုမှမလွှဲသာတဲ့အဆုံးမှာ ဂရန်ဂျာတစ်ယောက်

မီးစင်ကြည့်က ဖို့ဆုံးဖြတ်လိုက်ပြီး သူတို့ရဲ့ ဇာတ်ရှုပ်ထဲကိုဝင်ပါရပါတော့တယ်။

အဲ့ဒါကတော့ ရှေးဟောကိန်းအရ သူဟာ တိုင်းပြည်ခံတပ်ရဲ့ပြင်ပတစ်နေရာမှာ စခန်းချနေထိုင်တဲ့ မြင့်မြတ်တဲ့မိခင်

ဆိုတဲ့ စုန်းမအိုကြီးနဲ့ သူ့နောက်လိုက် အမှောင်ပုဂ္ဂိုလ်တွေကို သုတ်သင်ပေးရမှာပါ။

ဒါပေမယ့် သူသိလိုက်ရတဲ့ အပေါ်ယံဇာတ်လမ်းနောက်ကွယ်မှာ

လှည့်ကွက်တွေအများကြီးရှိနေတယ်ဆိုတဲ့အကြောင်း မကြာခင်သိလာပါတော့တယ်။

 


 

In the Name of the King: Two Worlds မှာတော့ Dolph Lundgren ကြီးက ဂရန်ဂျာအဖြစ်ပွဲကြမ်းထားပါတယ်။

ဒီကားဟာ တစ်ချိန်က နာမည်ကျော်ဗီဒီယိုဂိမ်းတစ်ခုဖြစ်တဲ့ Dungeon Siege ကိုအခြေခံထားတာဖြစ်ပြီး

နန်းတွင်းဇာတ်ရှုပ်တွေ မှော်ဆရာတွေ၊ သတ္တဝါဆန်းတွေ နဂါးတွေနဲ့ ဖျော်ဖြေရေးမှု ဦးစားပေးတင်ဆက်ထားတာဖြစ်ပါတယ်။

 

 

 

0 Comments:

Post a Comment

Popular Posts

Video Of the Day

3/recent/post-list

Contact Us

Name

Email *

Message *