Home » » War for the Planet of the Apes (2017)

War for the Planet of the Apes (2017)

 War for the Planet of the Apes (2017)

အမေရိကန်စိတ်ကူးယဉ်သိပ္ပံဇာတ်ကားဖြစ်တဲ့WarforthePlanetoftheApesဆိုတဲ့ဇာတ်ကားလေးအကြောင်းပြောပြပါရစေ။ရုပ်ရှင်ဝေဖန်ရေးသမားတွေရဲ့ချီးကျူးတဲ့သုံးသပ်ချက်တွေရထားတဲ့ဒါရိုက်တာမက်ရိဗ်စ်ရဲ့လက်ရာဇာတ်ကားလေးကို၂၀ရာစုမြေခွေးရုပ်ရှင်ထုတ်လုပ်ရေးကနေဖြန့်ချိထားတာပါ။ဒီတစ်ခါဇာတ်လမ်းကတော့နာမည်ကြည့်လိုက်တာနဲ့စစ်ပွဲလိုသုံးထားတဲ့အတွက်လူသားတစ်ယောက်လိုအိုင်ကျူမြင့်တဲ့ချင်ပန်ဇီမျောက်ဝံဆီဇာခေါင်းဆောင်တဲ့မျောက်ဝံတပ်သားအဖွဲနဲ့မျောက်ဝံတွေကိုသုတ်သင်ဖြိုခွဲမယ့်လက်နက်ကိုင်တပ်ဖွဲတိုရဲ့တိုက်ပွဲကိုအဓိကဇာတ်အိမ်တည်ထားတာပါ။မျောက်ဝံစစ်တပ်ကိုဖြိုခွင်းဖိုအတွက်အယ်လ်ဖာ-အိုမီဂါလိုခေါ်တဲ့လက်နက်ကိုင်တပ်ဖွဲကိုအကြင်နာမဲ့ရက်စက်တဲ့ကာနယ်ကဦးဆောင်တာဖြစ်ပြီးဆီဇာရဲ့ဇနီးနဲ့သားအကြီးဆုံးကိုသတ်ဖြတ်ပစ်ခဲ့ပါတယ်။ဒီလိုနဲ့မိသားစုနဲ့မျောက်ဝံမျိုးနွယ်စုကိုကာကွယ်ချင်တဲ့ဆီဇာနဲ့မျောက်ဝံတွေကိုမုန်းတီးပြီးအမျိုးဖြုတ်သုတ်သင်ချင်တဲ့လက်နက်ကိုင်အဖွဲအကြားမှာတိုက်ပွဲတွေအကြီးအကျယ်ဖြစ်ပါတော့တယ်။မျောက်ဝံအဖွဲမှာသစ္စာဖောက်သူတွေရှိတဲ့အတွက်နောက်ဆုံးမှာဆီဇာအဖမ်းခံခဲ့ရပြီးရက်စက်တဲ့ကာနယ်ကအစာဖြတ်၊ရေဖြတ်နဲ့ညှဉ်းပန်းဒုက္ခပေးခဲ့ပေမယ့်လည်းကူညီမယ့်သူပေါ်လာတဲ့အတွက်ဆီဇာတစ်ဖန်ပြန်လွတ်မြောက်ခဲ့ပါတယ်။ဒီလိုနဲ့နောက်ဆုံးမှာဆီဇာနဲ့ကာနယ်ထိပ်တိုက်တွေ့ကြတဲ့အခါမှာတော့အနာဂတ်ကမ္ဘာမှာကျန်ရှိမယ့်လူသားမျိုးနွယ်စုနဲ့မျောက်ဝံမျိုးနွယ်စုတိုရဲ့ကံကြမ္မာအတွက်ဘယ်လိုအလှည့်အပြောင်းတွေဖြစ်လာမလဲဆိုတာရှုစားရမှာပါ။၂၀၁၁တုန်းကထွက်ခဲ့တဲ့RiseofthePlanetoftheApesနဲ့၂၀၁၄တုန်းကထွက်ခဲ့တဲ့DawnofthePlanetoftheApesဇာတ်ကားတွေရဲ့အဆက်ဖြစ်ထွက်ရှိထားတာမိုအရင်ဇာတ်ကားတွေကပရိသတ်တွေနဲ့ရင်းနှီးပြီးသားဖြစ်တာမိုဇာတ်လမ်းကောင်း၊မကောင်းကတော့ပြောဖိုတောင်လိုမယ်မထင်ပါဘူး။ပါဝင်သရုပ်ဆောင်ထားသူတွေကတော့အန်ဒီဆာကစ်၊စတိဗ်ဇန်၊ကာရင်ကိုနိုဗယ်၊ဝူဒီဟာရယ်ဆင်၊အမီရာမစ်လာ၊ဂက်ဘရီရယ်ချာဗာရီရာစသူတွေပဲဖြစ်ပါတယ်။




Telegram Link >>> https://t.me/burmatvmovie

Movies Link »»»  https://play.google.com/store/apps/details?id=com.shs.burmatvplus 

#brumatvplus #မြန်မာစာတန်းထိုးဇာတ်ကားများ

0 Comments:

Post a Comment

Popular Posts

Video Of the Day

3/recent/post-list

Contact Us

Name

Email *

Message *