Home » » Dawn of the Planet of the Apes (2014)

Dawn of the Planet of the Apes (2014)

 Dawn of the Planet of the Apes (2014)

ဒီဇာတ်ကားအကြောင်းမပြောခင်မှာPlanetoftheApesအကြောင်းနည်းနည်းပြောပြချင်ပါတယ်။PlanetoftheApesဇာတ်လမ်းတွေက၁၉၆၈ထဲကစတင်ရိုက်ကူးခဲ့တာဖြစ်ပြီး၊PlanetoftheApes(February81968)BeneaththePlanetoftheApes(May271970)EscapefromthePlanetoftheApes(May211971)ConquestofthePlanetoftheApes(June291972)BattleforthePlanetoftheApes(June151973)ဆိုပြီး၅ကားရှိခဲ့သလို၊MarkWahlbergရဲ့၂၀၀၁ခုနှစ်Remakeဆိုပြီးရှိပါတယ်။လက်ရှိဇာတ်ကားတွေကတော့ဒီSeriesရဲ့Rebootတွေဖြစ်ပြီးRiseofthePlanetoftheApeကပထမဆုံးဇာတ်ကားဖြစ်ပါတယ်။၁၉၆၈ခုနှစ်ကဇာတ်ကားနဲ့ဇာတ်လမ်းမတူတော့ပဲ၊ဇာတ်လမ်းသဘောတရားကိုပဲပြန်ယူသုံးထားတာဖြစ်ပါတယ်။အခုDawnofthePlanetoftheApesဇာတ်ကားကတော့၁၉၆၈PlanetoftheApesပြီးရင်အကောင်းဆုံးဇာတ်ကားလိုသတ်မှတ်လိုရလောက်အောင်ကောင်းပါတယ်။ဇာတ်လမ်းကတော့RiseofthePlanetoftheApesအပြီးမှာ၊မျောက်တွေလွတ်သွားသလို၊သူတိုကိုစမ်းသပ်နေတဲ့Virusပြန်သွားပြီးလူတော်တော်များများသေကုန်ကြပါတယ်။Caesarဦးဆောင်တဲ့မျောက်တွေကတော့SanFranciscoမြိုနားကတောထဲမှာအေးအေးဆေးဆေးနေနေကြပါတယ်။ဒါပေမယ့်တစ်ရက်မှာအမှတ်မထင်ပဲမင်းသားMalcolm(JasonClark)ဦးဆောင်တဲ့လူတွေရောက်လာပြီး၊မျောက်တစ်ကောင်ကိုသေနတ်နဲ့ပစ်မိသွားတာကနေစပြီးဘာတွေဖြစ်လာကြမလဲဆိုတာ…………။ဒီဇာတ်ကားကအကောင်းဆုံးအထူးပြုလုပ်ချက်တွေနဲ့ပုံဖော်တင်ပြထားပါတယ်။ကောင်းမွန်တဲ့အထူးပြုလုပ်ချက်တွေကြောင့်လူဝံတွေရဲ့ဒေါသ၊ဆုံးရှုးမှု၊နာကြည်းချက်နဲ့ခံစားမှုတွေကိုပရိသတ်တွေကပါလိုက်ပါခံစားရပါတယ်။အထူးသဖြင့်လူဝံခေါင်းဆောင်Caesarအဖြစ်သရုပ်ဆောင်ချက်တွေဟာအော်စကာတစ်ကြိုပေးမှုနဲ့ထိုက်တန်တယ်လိုဝေဖန်ရေးဆရာတွေကရေးသားထားပါတယ်။Caesarအဖြစ်သရုပ်ဆောင်AndySerkisကသရုပ်ဆောင်ထားတာပါ။နောက်တစ်ခုမှတ်မှတ်ရရဝေဖန်ရေးဆရာတွေပြောကြတာကတော့DawnofthePlanetoftheApesဇာတ်ကားဟာခေါင်းဆောင်မှုအရည်အသွေးတွေကိုအထူးအမွှမ်းတင်ထားတဲ့ကားလိုဆိုပါတယ်။အရမ်းကောင်းတဲ့ဇာတ်ကားကောင်းတစ်ကားပါ။လူနဲ့မျောက်လိုဆိုပေမယ့်၊အသွင်မတူတဲ့လူတွေတူတူမနေနိုင်တဲ့သဘာဝကိုထင်ဟပ်ပြထားပါတယ်။စစ်ရဲ့ဆိုးကျိုးနဲ့သဘောတရားကိုလည်းလူတွေမြင်သာအောင်တင်ဆက်နိုင်ခဲ့ပါတယ်။




Telegram Link >>> https://t.me/burmatvmovie

Movies Link »»»  https://play.google.com/store/apps/details?id=com.shs.burmatvplus 

#brumatvplus #မြန်မာစာတန်းထိုးဇာတ်ကားများ

0 Comments:

Post a Comment

Popular Posts

Video Of the Day

3/recent/post-list

Contact Us

Name

Email *

Message *