Home » , , » The Haunted Mansion (2003)

The Haunted Mansion (2003)

အလုပ်ကြိုးစားတဲ့ ပျော်ရွှင်နေတဲ့ 

Evers မိသားစုက အိမ်ထောင်ဦးစီး Jim။
သူလုပ်တဲ့အလုပ်က အိမ်ခြံမြေပွဲစား။ ပွဲဖြစ်ရင် မျိုးမျိုးမြတ်မြတ် စားရတဲ့ လုပ်ငန်းပေါ့ဗျာ။
အလုပ်တွေကို ကြိုးကြိုးစားစားလုပ်ရင်း ပိုက်ဆံတွေရလာပေမယ့် မိသားစုအပေါ် ပျက်ကွက်မှုတွေများလာလို့ အလျော်ပေးတဲ့အနေနဲ့ 

 

မိသားစုခရီးလေးထွက်လာတဲ့အခါ ငွေနောက်ကို အသည်းအသန်လိုက်တဲ့သူမို့ မိသားစုခရီးထွက်လာတာတောင် လုပ်ငန်းတစ်ခုလုပ်ဖို့ တစ်နေရာကိုလမ်းကြုံဝင်ခဲ့တယ်။

သူရောင်းပေးရမယ့်အိမ်ကြီးက ဒေါ်လာ သန်းနဲ့ချီတန်တာမို့ ဘယ်လိုမှ မငြင်းဆန်နိုင်ပဲ အရောက်သွားချိန်မှာ ကံဆိုးမိုးမှောင်တွေဆက်တိုက်ကျရောက်လာပါတော့တယ်။ သရဲခြောက်တတ်တဲ့အိမ်ကြီးမှာ ဖြစ်လာသမျှ ပြဿနာတွေကို လိုက်လံဖြေရှင်းရင်း သားသမီးနဲ့ ဇနီးကို ကယ်တင်ဖို့ကြိုးစားရတဲ့ ပျော်ရွှင်စရာ မိသားစုကြည့် Fantasy ကားလေးပါ။

ခေါင်းဆောင်မင်းသားဖြစ်တဲ့ Eddie Murphy ဆိုတာက အမေရိကန် ဟာသ သရုပ်ဆောင် စာရေးဆရာ အဆိုတော်တစ်ယောက်ဖြစ်ပါတယ်။ သူဟာ ၈၀ ခုနှစ်တွေမှာ သိပ်ကို အောင်မြင်တဲ့ သူတစ်ယောက်ဖြစ်ခဲ့ပြီး သရုပ်ဆောင်ဆု‌တွေ အများကြီး သိမ်းပိုက်နိုင်ခဲ့သူပါ။ ဟာသပညာရှင်အဖြစ်လည်း အောင်မြင်ခဲ့ပြီး အအောင်မြင်ဆုံး စင်ပေါ်ဖျော်ဖြေတဲ့ ဟာသပညာရှင် ၁၀၀ ထဲမှာ နံပါတ် ၁၀ ချိတ်ခဲ့သူဖြစ်ပါတယ်။ အသံသရုပ်ဆောင်သူတစ်ယောက်လည်းဖြစ်ပြီး ပထမဆုံး မူလန်ကာတွန်းကားထဲက မူရှူးနဂါးလေးအဖြစ် အသံသရုပ်ဆောင်ခဲ့ပါ‌တယ်။ ဒီဇာတ်ကားကို Disney မှ ၂၀၀၃ ခုနှစ်မှာ ရိုက်ကူးဖြန့်ချီခဲ့ပြီး IMDb 5.1 ရရှိခဲ့ပါတယ်။ rating နည်းရတာကလည်း ဟာသသရဲကားဖြစ်နေလို့ပါ။ ဒါပေမဲ့ ခင်ဗျားတို့ရဲ့ နေ့တစ်နေ့ကို ဒီဇာတ်ကားက ဘယ်လိုဖျော်ဖြေပေးနိုင်သလဲဆိုတာတော့ စမ်းသပ်ကြည့်ဖို့ ထိုက်တန်ပါတယ်။


Option Download Watch Live
Link1
Download Now
Watch Now


www.msubfilm.com

0 Comments:

Post a Comment

Popular Posts

Video Of the Day

3/recent/post-list

Contact Us

Name

Email *

Message *