Home » , , , » The Duel (2000)

The Duel (2000)



သိုင်းပြိုင်ပွဲကိုအခြေခံထားပြီး 

လူသတ်တရားခံကိုအဖြေရှာဦးမယ့် ဟောင်းပြီးကောင်းတဲ့တရုတ်ကားလေးနဲ့ မိတ်ဆက်ပေးလိုက်ပါပြီ။ ပါဝင်ထားတဲ့သူကိုရှိုးလိုက်ပါဦး… 

ဒိတ်ဒိတ်ကြဲများဖြစ်ကြတဲ့ Andy Lau ၊ Ekin Cheng ၊ Nick Cheung ၊

 


 ရှောင်ယဲ့ကျူလို့လူသိများကြတဲ့ Zhao Wei နဲ့ ငယ်ငယ်ကသိုင်းကားတွေမှာပါနေကြ သူငယ်ချင်းဟောင်းတွေအများကြီးကိုပြန်တွေ့ရမှာမို့
အိုကြီးအိုမ ကလေးကြီးတွေအတွက် ကြည့်သင့်တဲ့ကားကောင်းလေးတစ်ကားပေါ့နော်။

သိုင်းလောကမှာ နတ်ဓါးရှင်နဲ့ဓါးဘုရင်ဆိုပြီး နာမည်ကြီးနှစ်ယောက်ကြီးစိုးနေတဲ့အချိန်ပါ… ရုတ်တရက်ကြီး ဘယ်သူအတော်ဆုံးလဲဆိုတာအဖြေရှာဖို့ နတ်ဓါးရှင်က စိန်ခေါ်စာပို့ပါတော့တယ်။ အဲ့ဒီအချိန်ကစပြီး နာမည်ကြီးသိုင်းသမားတွေအသတ်ခံရပါလေရော။ သတ်တဲ့သူကိုအဖြေရှာဖို့ နန်းတွင်းကိုယ်ရံတော် လုံလုံကောက်အတွက်တော့ တကယ်ခေါင်းကိုက်ရတဲ့အမှုပါ။ သိုင်းပြိုင်ပွဲကလည်း နီးကပ်တဲ့အချိန်… တစ်ဖက်ကသူအချစ်ရဆုံးမိတ်ဆွေ ဓါးဘုရင်၊ နောက်တစ်ယောက်က သူလေးစားအားကျရတဲ့ နတ်ဓါးရှင်။ ယှဉ်ပြိုင်မယ့်နေရာက နန်းတော်ထဲမှာဆိုတော့ကား ….

အရှုပ်အထွေးတွေကြားထဲမှာ ဟာသလေးနှောထားပြီး သိုင်းကားစစ်စစ်ကိုကြည့်ချင်တဲ့သူတွေအတွက် အဆင်ပြေမယ့်ကားကောင်းလေးတစ်ကားမို့ ဘာဆက်ဖြစ်မလဲ ကြည့်လိုက်ပါတော့နော်….


Option Download Watch Live
Link1
Download Now
Watch Now


www.msubfilm.com

0 Comments:

Post a Comment

Popular Posts

Video Of the Day

3/recent/post-list

Contact Us

Name

Email *

Message *