Home » , , , » Of Love and Shadows (1994)

Of Love and Shadows (1994)



[18+] Of Love and Shadows (1992)

ဒီဇင်ဘာလ ၁၂ ရက်နေ့မှာမွေးနေ့ရက်မြတ်မင်္ဂလာကျရောက်သွားခဲ့တဲ့ တစ်ခေတ်တစ်ခါက ကျွန်တော်တို့ရဲ့အလှနတ်ဘုရားမ၊ ပုရိသတွေရဲ့နှလုံးသားကို ရုပ်ရှင်လောကထဲစဝင်လာတည်းက 

 

သိမ်းကြုံးယူပစ်ခဲ့တဲ့မတ်မတ် ဂျနီဖာကော်နယ်လီရဲ့ ကားကောင်းလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်။

ဒီဇာတ်ကားလေးက တစ်ခြားအချိန်မှာကြည့်မယ်ဆို ရိုးရိုးတမ်းတမ်းပဲ မတ်မတ်ရဲ့အလှအပကိုပဲ သီးသန့်ခံစား၊ ဒါပေမဲ့ ဇာတ်ကွက်ကိုသိပ်ခံစားလို့မရမယ့်ကားမျိုး‌ပါ။ အဲလိုပေမဲ့ အခုတော့ ကျွန်တော်တို့ ဒီအခြေအနေကြီးနဲ့ဆိုတော့ တော်တော်ကြည့်ရကိုက်တဲ့ကားဖြစ်သွားပြီမို့လို့ပါ။

ဇာတ်လမ်းအကျဉ်းကတော့ ချီလီနိုင်ငံလေးကို လောဘဇောတက်နေတဲ့ အာဏာရူးဗိုလ်ချုပ်ကြီးက အာဏာကောက်သိမ်းတဲ့အကြောင်းနဲ့စတယ်ပေါ့ဗျာ။ အဲလိုအာဏာသိမ်းတဲ့အချိန်မှာ ‌အီရင်းနဲဆိုတဲ့သတင်းထောက်မလေးကျွန်တော်တို့မတ်မတ်ရဲ့‌အမေက ဘောမကြီးလုံးလုံးပဲဆိုပါတော့ဗျာ။

အဲဒီတော့ အဲလိုအခြေအနေမျိုးမှာ သတင်းထောက်မလေး အီရင်းနဲကို လီရယ်ဆိုတဲ့ ဓာတ်ပုံဆရာတစ်ဖြစ်လဲ စိတ်ပညာရှင်ဒေါက်တာလေးက အာဏာရှင်ရဲ့မကောင်းကွက်တွေကို အတူထုတ်ဖော်ဖို့ကြိုးစားကြတာကို ဒေါသအလိပ်လိပ်ထွက်လိုက်၊ မတ်မတ်ကို မြင်ပြီးစိတ်ပြန်ငြိမ်လိုက်နဲ့ကြည့်ရမယ့်ကားမျိုးပါ။ ဒီကားက သူ့အဖော်အချွတ်အလှအပခန်းတွေလည်းများလို့ မိသားစုနဲ့မကြည့်သင့်တဲ့ကားလေးပါ။ ဒါကြောင့် 1994 ခုနှစ်မှာထွက်ရှိခဲ့တဲ့ Of Love and Shadows လေးကို ဒေါသထွက်ရရင်း စိတ်လည်းပြန်လျှော့ရရင်း ခံစားကြည့်ရှုပေးလှည့်ပါဦးခင်ဗျာ။


Option Download Watch Live
Link1
Download Now
Watch Now


www.msubfilm.com

0 Comments:

Post a Comment

Popular Posts

Video Of the Day

3/recent/post-list

Contact Us

Name

Email *

Message *