Home » , , , » The Monkey King: Reborn (2021)

The Monkey King: Reborn (2021)

ဒီရုပ်ရှင် အင်္ဂလိပ်စာတန်းထိုးက အတော်လွဲတာမို့ တရုတ်ဘာသာပြန်လေး ပြန်ပေးထားပါတယ်

ဒီ Monkey King Reborn ဆိုတဲ့ ဇာတ်ကား‌လေးကို ကျွန်တော်တို့ငယ်ငယ်က အရမ်းသဘောကျခဲ့ရတဲ့ Journey to The 

 


Westဆိုတဲ့ ဝူခုန်းဇာတ်ကားလေးကိုကြည့်ဖူးရင် ရင်းနှီးကြမယ်လို့မျှော်လင့်ပါတယ်

ဒီဇာတ်ကားမှာလည်း ခေါင်းစဉ်နာမည် monkey kingဆိုတဲ့အတိုင်း ဝူခုန်းတို့အဖွဲ့ မြတ်စွာဘုရားဟောခဲ့တဲ့ ကျမ်းစာတွေလိုက်စုဆောင်းမဲ့ ခရီးစဉ်ထဲက အပိုင်းလေးတစ်ပိုဒ်ကို ရိုက်ကူးထားတာဖြစ်ပါတယ်

ဒီဇာတ်ကားကတော့ ဝူခုန်းတို့ ဆရာတပည့်တွေ ခရီးလမ်းတစ်ဝက်မှာ ဘုရားကျောင်းတစ်ကျောင်းကို ဝင်ရောက်နားခိုပြီး အသီးစားသုံးရာကနေ စတင်ဖြစ်ပွားတဲ့အကြောင်းလေးဖြစ်ပါတယ်

ဝူခုန်းတို့ ညီအကို ၃ယောက် ဘုရားကျောင်းကအသီးကိုခိုးစားရာမှ နတ်ဆိုးတွေ မကောင်းဆိုးဝါးတွေရဲ့ ခေါင်းဆောင်ဖြစ်သူ နှစ်ပေါင်းထောင်ချီအောင် ထိန်းချုပ်ပြီးအိပ်စက်နေတဲ့ ယွမ်တိနတ်ဆိုးကြီးကို မထင်မှတ်ပဲ ကျိန်စာတွေကြားမှလွတ်မြောက်ပေးခဲ့မိပါတယ်

ယွမ်တနတ်ဆိုးက နတ်ဆိုးနာမည်အတိုင်း လောဘစိတ်တွေနဲ့ လူ နတ် ငရဲဆိုတဲ့ ဘုံ၃ဘုံလုံးကို သူပဲခေါင်းဆောင်လုပ်ချင်တဲ့စိတ်နဲ့ အုပ်ချုပ်သွားဖို့ကြံစည်ရာကနေ

ဝူခုန်းတို့ရဲ့ ဆရာဖြစ်သူကိုဖမ်းသွားပါတယ်

၃ရက်အတွင်းမကယ်နိုင်ရင် ယွမ်တိနတ်ဆိုးရဲ့ လွမ်းမိုးမှူအောက်မှာပဲနေရတော့မှာဖြစ်ပါတယ်

ဆရာဖြစ်သူကို ၃ရက်အတွင်း ကယ်ဖို့စီစဉ်နေချိန်မှာပဲ ဝူခုန်းတို့ ညီအကို ၃ယောက်က မထင်မှတ်ပဲ သူငယ်ချင်းလေးတစ်ယောက်ရသွားပါတယ်

အဲ့သူငယ်ချင်းက ဘယ်သူဖြစ်မလဲ?

‌နောက်ဆုံးမှာ ဆရာတော်ကိုကယ်နိုင်ပြီး ယွမ်တိနတ်ဆိုးကို သေနိုင်ခဲ့မှာလား? ကျိန်စာပြန်ပေး၍ နောက်တစ်ကြိမ်အိပ်စက်စေမှာလား?

သတ်မှတ်ထားတဲ့အချိန် ၃ရက်အတွင်းမှာ နတ်ဆိုးကြီးကို နိမ့်နင်းနိုင်ခဲ့လားဆိုတာကို သိချင်ရင်တော့ နောက်ဆုံးအခန်းအထိ တစ်ရှူးဆောင်ထားပြီး ကြည့်ရှုလိုက်ရအောင်ဗျာ


Option Download Watch Live
Link1
Download Now
Watch Now


www.msubfilm.com

0 Comments:

Post a Comment

Popular Posts

Video Of the Day

3/recent/post-list

Contact Us

Name

Email *

Message *