Home » , , , » Ron’s Gone Wrong (2021)

Ron’s Gone Wrong (2021)

ဒီတစ်ခါမှာတော့ မတွေ့မမြင်ရတာ ကြာပြီဖြစ်သလို Big Hero 6, The Mitchells vs

The Machines တို့လိုမျိုး လူသားနဲ့ စက်ရုပ်ရဲ့ ဆက်ဆံရေးကိုအခြေခံထားတဲ့

Animation ဇာတ်ကားတွေဘက်ကို တဖန်ပြန်လှည့်ရအောင်ပါ။

“ခင်ဗျားတို့တွေ အထီးကျန်တယ်လို့ ခံစားရဖူးလား”

“ထောင့်စွန်းတစ်နေရာမှာ ရပ်နေရပြီး ကသိကအောက်နဲ့ ဘယ်သူ့ကိုမှ စကားသွားမစရဲဘဲနဲ့လေ”

တော်ရုံတန်ရုံ စကားမပြောရဲတဲ့လူတွေ သူငယ်ချင်းရှာဖို့ခက်တဲ့သူတွေအတွက်

နည်းပညာဟာ အထောက်အပံ့တစ်ခု ဖြစ်လာပါတယ်။ ဒီလိုနဲ့ နည်းပညာကုမ္ပဏီတစ်ခုဖြစ်တဲ့

bubble ဟာ bubble robot ဆိုတဲ့ စက်ရုပ်လေးတွေကို လူတွေအတွက် “best friend”

(အကောင်းဆုံးသူငယ်ချင်း) အဖြစ် ဖန်တီးထုတ်လုပ်လိုက်ပါတယ်။ ဖုန်းတွေ tablet တွေထက်

လုပ်ဆောင်နိုင်စွမ်းမြင့်တဲ့ ဒီစက်ရုပ်လေးတွေက ပိုင်ရှင်ရဲ့ ဒေတာအချက်အလက်တွေကို

သိမ်းယူပြီးတော့ bubble network ကနေတစ်ဆင့် ဝါသနာတူ အကြိုက်တူ သူငယ်ချင်းတွေကို ရှာဖွေပေးပါတယ်။

သူငယ်ချင်းတွေကို ရှာဖွေပေးတဲ့အပြင် သူကိုယ်တိုင်ကိုက ပိုင်ရှင်အနီးနား ၆ ပေအတွင်းမှာ

နေပေး ကူညီပေး စကားပြောပေးတဲ့ သူငယ်ချင်းတစ်ယောက်အဖြစ် ရှိနေတာပေါ့။

ဒီလိုနဲ့ ကလေးတွေကြားမှာ bubble robot တွေ ခေတ်စားလာပြီး မပိုင်ဆိုင်သူကတော့ မရှိသလောက် ဖြစ်လာပါတယ်။

Nonsuch ဆိုတဲ့ မြို့လေးက ကျောင်းသားတွေထဲမှာ ဘာနေးဆိုတဲ့ ကောင်လေးတစ်ယောက်ပဲ bubble robot ကို မပိုင်ဆိုင်တာပါ။

သူကိုယ်တိုင်က လူအေးလေး ဖြစ်တဲ့အပြင် လူတိုင်းက ကိုယ်စီရဲ့ bubble robot တွေနဲ့ပဲ အလုပ်ရှုပ်နေကြတော့

သူ့မှာ သူငယ်ချင်းဆိုတာမရှိပါဘူး။ အဲဒီအပြင် bubble robot မရှိတဲ့အတွက် စနောက်လှောင်ပြောင် ခံရပါသေးတယ်။

တစ်နေ့မှာတော့ ဘာနေးရဲ့မွေးနေ့လေးကို ရောက်ရှိလာပါရော။ ဒီလိုနဲ့ bubble robot ကို လိုချင်နေတဲ့

ဘာနေးတစ်ယောက် လိုချင်တာကို မွေးနေ့လက်ဆောင်အဖြစ်

ရသွားပြီးတဲ့နောက် ဘာတွေဆက်ဖြစ်မလဲဆိုတာ အားပေးကြည့်ရှုလိုက်ကြရအောင်နော်။


Option Download Watch Live
Link1
Download Now
Watch Now


www.msubfilm.com

0 Comments:

Post a Comment

Popular Posts

Video Of the Day

3/recent/post-list

Contact Us

Name

Email *

Message *