Home » , , » Anna Karenina (2012)

Anna Karenina (2012)



အချစ်မှာ “ဘာလို့လဲ” ဆိုတာ မရှိဘူးတဲ့…..

တစ်ဦးက ဂုဏ်သိက္ခာ
တစ်ဦးက ချစ်မေတ္တာ
တစ်ဦးက ရမ္မက်

ကွဲပြားတဲ့ ကိုယ်စီအလေးထားမှုတွေနဲ့ လူသုံးယောက်ရဲ့
အရှုပ်တော်ပုံလို့ပဲ တင်စားလိုက်ပါရစေ။

 အထူးသဖြင့် အန်နာ ကရီနီနာဆိုတဲ့ သားတစ်ယောက်မိခင်
အိမ်ထောင်ရှင် 

အမျိုးသမီးတစ်ယောက်ရဲ့
ရင်နင့်ဖွယ် ဇာတ်လမ်းလေး တစ်ပုဒ်ပေါ့။

အဖြစ်အပျက်တွေ အားလုံးရဲ့ မြစ်ဖျားခံရာကတော့
အစ်ကိုဖြစ်သူရဲ့ အိမ်ထောင်ရေး အခြေအနေ
အဆင်မပြေမှုအတွက် ဖြောင်းဖျဖို့ သွားခဲ့ရာ
မော်စကိုမြို့လေးပါပဲ…..

ဗရွန်စကီဆိုတဲ့ ချောမောခန့်ညားတဲ့
အသက်ငယ်ငယ် မြို့စားတစ်ယောက်နဲ့ သူဆုံဆည်းခဲ့ပုံကလည်း
ရထားလေးပေါ်မှာ အမှုမဲ့အမှတ်မဲ့ပါပဲ…..

သို့ပေမဲ့ အမှတ်တမဲ့မှ အမှတ်တရတွေ ဖြစ်ခဲ့ကြသည်ပေါ့
မပြတ်နိုင်တဲ့ သံယောဇဉ်တွေကြောင့်
ရပ်တန့်ဖို့ ကြိုးစားချိန်မှာ အရမ်း နောက်ကျသွားခဲ့ပြီ…..

ပြင်ဆင်ဖို့ နောက်ကျခဲ့ခြင်းကြောင့်
ရေပြင်လို တည်ငြိမ်အေးချမ်းနေတဲ့ အိမ်ထောင်တစ်ခုဟာ
ဘောင်ဘင်ရိုက်ခတ်ခဲ့ရပါပြီ ….

နာမည်ကြီး ရုရှား စာရေးဆရာကြီး Leo Tolstoy ရဲ့ ၀တ္ထုကို အခြေခံရိုက်ကူးထားတဲ့
masterpiece ဇာတ်လမ်းကောင်းပါ

ဇာတ်လမ်းတစ်လျှောက်လုံးမှာ
Cinematography , music တွေကလည်း အံ၀င်ဂွင်ကျတယ်

ဒါရိုက်တာကြီးကလည်း နယ်နယ်ရရမဟုတ်ပါဘူး
Pride & Prejudice, Atonement စတဲ့ masterpiece တွေကို
ရိုက်ကူးသူ ဒါရိုက်တာကြီး Joe Wright ဖြစ်ပါတယ်

Cast တွေကလည်း ကျရာဇာတ်ရုပ်ကို
အပီအပြင် သရုပ်ဆောင်ပြနိုင်ကြတော့
Runtime 130 mins ရှိတဲ့ ဇာတ်လမ်းတစ်ပုဒ်ဟာ
ပြီးလို့ ပြီးသွားမှန်းတောင် သိလိုက်ရမှာမဟုတ်ပါဘူးခင်ဗျာ

ဒါ့အပြင် ဒီဇာတ်လမ်းမှာ
မင်းသမီး Keira Knightley ရဲ့လှပမှုတွေ
Jude Law ရဲ့ တည်ကြည်မှုတွေ နဲ့
Aaron Taylor Johnson ရဲ့ ချောမောမှုတွေကို တွေ့မြင်နိုင်မှာပါ

မိန်းမတွေအတွက် ဆုံးဖြတ်ပိုင်ခွင့်နည်းပြီး
နေတတ်ထိုင်တတ်မှ လူရာ၀င်တဲ့ 

၁၈ ရာစုနှစ်လောက်ကဆန္ဒကို ဦးစားပေးတတ်တဲ့ အမျိုးသမီးတစ်ယောက်ရဲ့ဘ၀ကို
ကွင်းကွင်းကွက်ကွက် စိတ်၀င်စားဖွယ် 

ရိုက်ကူးတင်ဆက်ထားပါတယ်။


Option Download Watch Live
Link1
Download Now
Watch Now


www.msubfilm.com

0 Comments:

Post a Comment

Popular Posts

Video Of the Day

3/recent/post-list

Contact Us

Name

Email *

Message *