Home » , , , » Adele One Night Only(2021)

Adele One Night Only(2021)



25 album ထွက်ရှိပြီးနောက် 

ခြောက်နှစ်အကြာမှာ Grammy ဆုကြီးကို 15 ကြိမ်တိတိဆွတ်ခူးထားတဲ့ Adele ဟာလေးခုမြောက် စတူဒီယို 

album 30နဲ့အတူ ပရိသတ်ကြီးရှေ့ကို နောက်တစ်ကြိမ် ထပ်မံရောက်ရှိလို့ လာပါပြီ။

 

ဒီ Concert Movie လေးမှာ Adele ရဲ့ အကျော်ကြားဆုံး သီချင်းဟောင်းမြောက်များစွာအပြင်

နိုဝင်ဘာ ၁၉ ရက်နေ့မှာမှ ထွက်ရှိလာမဲ့ 30album ထဲက သီချင်းတွေကိုလည်း ဖျော်ဖြေပေးထားပါတယ်။

ဒါပေမဲ့ ထူးခြားချက်တစ်ခုကတော့ သီချင်းတွေကြီး သီဆိုသွားတာမျိုး မဟုတ်ဘဲ

30album မြစ်ဖျားခံရာ အကြောင်းအရင်းများစွာကိုပါ အင်တာဗျူးလုပ်ရင်း ဖြေကြားပေးခဲ့ပါတယ်။

ပရိသတ်ကြီးတို့ သိကြတဲ့အတိုင်းပဲ Adele ဟာ အင်တာဂရမ် Live လုပ်ရင်း

30 Album ဟာ ကွာရှင်းမှုနဲ့ပတ်သက်ပြီး ရေးစပ်ခဲ့တဲ့အကြောင်းအရာတွေဖြစ်ကြောင်း ဖြေကြားခဲ့တာပါ။

ဒီ Album ကနေ တဆင့် မအောင်မြင်ခဲ့တဲ့ အိမ်ထောင်ရေးဘဝ၊ သားလေး Angelo အပေါ်ထားတဲ့ မိခင်မေတ္တာစိတ်

ပြီးတော့ ဘယ်လိုအကြောင်းတရားတွေကြောင့်များ Adele တစ်ယောက်

ဒီလောက်ထိပြောင်းလဲသွားခဲ့လဲဆိုတာကို ချက်ကျလက်ကျသိရမှာပါ။

One Night Only ဖျော်ဖြေပွဲလေးကို ဂန္တဝင်သီချင်းတစ်ပုဒ်ဖြစ်တဲ့ “Hello” နဲ့ စတင်ဖွင့်လှစ်ခဲ့ပြီး

နောက်ဆုံးထွက်ရှိထားတဲ့ Single ဖြစ်တဲ့ “Easy On Me” ၊ James Bond ဇာတ်ဝင်တေးဖြစ်တဲ့ “Skyfall” ၊

30 album ထဲက သီချင်းဖြစ်တဲ့ “I Dink Wine”၊ Hit Song တစ်ပုဒ်ဖြစ်ခဲ့တဲ့ “Someone Like You” စတဲ့သီချင်းတွေအပြင်

အနုပညာလက်ရာပြောင်မြောက်တဲ့ သီချင်းပေါင်းများစွာကိုလည်း သီဆိုဖျော်ဖြေပေးခဲ့ပါတယ်။

ဖျော်ဖြေပွဲကို နာမည်ကြီး Celebrity များဖြစ်တဲ့ Drake, Selena Gomez, Lizzo, Leonardo Dicaprio,

Ellen DeGeneres, James Corden စတဲ့ အနုပညာရှင်ပေါင်းများစွာက တက်ရောက်ချီးမြှင့်ခဲ့ကြတာမို့

ပရိသတ်ကြီးများအတွက်လည်း 

ဖန်သားပြင်ကတဆင့် နားသောတဆင်နိုင်ဖို့ အမြန်ဆုံးတင်ဆက်ပေးလိုက်ပါတယ်။


Option Download Watch Live
Link1
Download Now
Watch Now


www.msubfilm.com

0 Comments:

Post a Comment

Popular Posts

Video Of the Day

3/recent/post-list

Contact Us

Name

Email *

Message *