Home » , , » A Loud House Christmas (2021)

A Loud House Christmas (2021)


ခရစ္စမတ်အချိန်အခါလည်းနီးပြီဖြစ်လို့ Loud မိသားစုရဲ့ ခရစ္စမတ်အမွှေဇာတ်လမ်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။၂၀၁၆ ခုနှစ်ကစတင်ထွက်ရှိခဲ့တဲ့ “The Loud House” animated series ကို ကြည့်ဖူးတဲ့သူတွေဆိုရင်တော့ Loud မိသားစုကိုစိမ်းမှာမဟုတ်ပါဘူး။ မိသားစုဝင်စုစုပေါင်း ၁၃ယောက်ရှိပြီး အဖေ၊ အမေ၊ အစ်မညီမ ၁၀ယောက်နဲ့ တစ်ဦးတည်းသောသားလေး
Lincoln တို့ပဲဖြစ်ပါတယ်။



ခရစ္စမတ်အတွက် သီးသန့်ရိုက်ကူးထားတဲ့ ဒီကားလေးမှာတော့ Loud မိသားစုက နှစ်စဉ်နှစ်တိုင်းခရစ္စမတ်ဆိုရင် မိသားစုဝင်တွေအားလုံးအိမ်မှာတစ်စုတစ်စည်းနဲ့ ပျော်ပျော်ပါးပါးအချိန်ကုန်ဆုံးကြပါတယ်။ အစဉ်အလာမပျက်ပေါ့။ ဒါပေမယ့် ဒီနှစ်ရဲ့ခရစ္စမတ်မှာတော့ အကြောင်းအမျိုးမျိုးကြောင့်အိမ်မှာလူမစုံမယ့်အခြေအနေဖြစ်ခဲ့ရပြီး အဖေနဲ့အမေကလည်း ဒီခရစ္စမတ်ကိုတော့အိမ်မှာမနေဘဲ မိုင်ယာမီကိုခရီးထွက်မယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒီအစီအစဉ်ကို Lincoln ကလွဲပြီးအကုန်သဘောတူကြပေမယ့် Lincolnကတော့လုံးဝခါးခါးသီးသီးနဲ့ ခရစ္စမတ်ဆိုအိမ်မှာလူစုံတက်စုံရှိရမယ်ပဲဇွတ်လုပ်နေပါတော့တယ်။ ဒီလိုနဲ့ Lincoln တစ်ယောက်အကြံတူဉာဏ်တူ သူငယ်ချင်းဖြစ်သူ Clyde နဲ့အတူ မိုင်ယာမီခရီးစဉ်ကိုဘယ်လိုပြန်အောင်ဖျက်မလဲ .. သူ့အကြံအစည်ရော အောင်မြင်ပါ့မလား .. အိမ်မှာမောင်နှမနှစ်ယောက်လောက်ပဲရှိရင်တောင် ရန်သတ်ပြီးထိန်းမနိုင်တာ ကလေး ၁၁ယောက်တောင်ဆိုတော့တစ်ယောက်တစ်မျိုးနဲ့ ဘယ်လောက်ဗရုတ်ကျကြမလဲ .. စတာတွေကို ပေါ့ပေါ့ပါးပါးကြည့်ရှုရမယ့် comedy film လေးတစ်ကားပဲဖြစ်ပါတယ်။

Option Download Watch Live
Link1
Download Now
Watch Now


www.msubfilm.com

0 Comments:

Post a Comment

Popular Posts

Video Of the Day

3/recent/post-list

Contact Us

Name

Email *

Message *