Home » , , , » Hocus Pocus (1993)

Hocus Pocus (1993)



အရင်ဆုံးပြောချင်တာက Disney က တင််ဆက်ထားတဲ့ ဒီကားလေးက
ကလေးရော လူကြီးပါ အပန်းပြေကြည့်ဖို့ သင့်တော်သလို
စာရေးသူအနေနဲ့လည်း witchcraft တွေကို သဘောကျသူမလို့ အတော်လေး ဘ၀င်တွေ့မိပါတယ်

 ဇာတ်လမ်းအကျဉ်း

ဟိုး လွန်ခဲ့တဲ့ အနှစ် ၃၀၀ လောက်က
၀င်နီ၊ မယ်ရီနဲ့ ဆာရာဆိုတဲ့ ဆန်ဒါဆင် စုန်းညီမသုံးယောက်ရဲ့ ပုံပြင်လေးတစ်ပုဒ် ရှိသဗျ

သူတို့ဟာ ငယ်ရွယ်နုပျိုဖို့အတွက် ကလေးတွေရဲ့ ဝိဉာဉ်ကို စုတ်ယူစားသုံးရတယ်။
တစ်နေ့မှာ အမ်မလီဆိုတဲ့ ကလေးမလေးကို ပြုစားပြီး သူ့ရဲ့ ဝိဉာဏ်ကို စုတ်ယူခဲ့ကြတယ်။
အမ်မလီ့ကို ကယ်ဖို့ လိုက်လာတဲ့ အစ်ကိုဖြစ်သူ ဘင်ဇ်ကိုတော့
ကြောင်နက်တစ်ကောင်အဖြစ်နဲ့ ထာ၀ရ နေသွားစေတဲ့ ကျိန်စာတိုက်ပစ်ခဲ့တယ်။

ဒီအဖြစ်အပျက်တွေ ဖြစ်တဲ့ နေ့မှာပဲ မြို့သားတွေက စုန်းမ ၃ ယောက်ကို
ကွပ်မျက်ခဲ့ကြတယ်။ သို့ပေမဲ့ စုန်းမတွေက အပျိုစင်တစ်ယောက်ရဲ့ ဆင့်ခေါ်မှုနဲ့
သူတို့ တစ်နေ့ပြန်လာမယ်လို့ ကျိန်စာဆိုသွားခဲ့တယ်။

သူ့ကို ဘယ်သူမှ မသိတော့တဲ့ သနားစရာ ကြောင်နက်ကြီးကတော့ 

သူတို့တွေ
ပြန်မလာနိုင်အောင် ဆန်ဒါဆင်အိမ်ကြီးကို အမြဲ စောင့်ကြပ်နေခဲ့တယ်တဲ့

ဒါကတော့ ဟိုးရှေးရှေးက ဒဏ္ဍာရီတစ်ပုဒ်ပေါ့
ဒီလို ဒဏ္ဍာရီတွေ မှော်အတတ်တွေကို မယုံကြည်တာကတော့ မက်စ် ဒန်နီဆင်ဆိုတဲ့
teenage boy လေးပါ။

သူ ကြိတ်ပိုးနေတဲ့ အယ်လီဆန်ဆိုတဲ့ ကောင်မလေးကကျ စုန်းတွေ၊ မှော်တွေကို
အယုံကြည်ရှိသူပေါ့ ။

ဒီလိုနဲ့ ဟောလိုး၀င်းညမှာ ညီမဖြစ်သူ ဒန်နီကို သကြားလုံးတောင်း လိုက်ပို့ရင်းနဲ့
မက်စ်၊ အယ်လီဆန်၊ ဒန်နီတို့ သုံးယောက် ဆန်ဒါဆင်အိမ်တော်ကြီးကို
ရောက်သွားတဲ့ အခါမှာ………


Option Download Watch Live
Link1
Download Now
Watch Now


www.msubfilm.com

0 Comments:

Post a Comment

Popular Posts

Video Of the Day

3/recent/post-list

Contact Us

Name

Email *

Message *