Home » , , , » Cloudy Mountain (2021)

Cloudy Mountain (2021)


 


သဘာဝဘေးအန္တရာယ်ဆိုတာ ‌မမျှော်လင့်ဘဲရောက်လာတတ်တဲ့ နတ်ဆိုးဧည့်သည်ပါပဲ။

ဒီနတ်ဆိုးရဲ့ ပုံသဏ္ဍာန်အမျိုးမျိုးကို ပုံဖော်ရင်း ရိုက်ကူးထားတဲ့ ရုပ်ရှင်ပေါင်းများစွာရဲ့အရသာကို

ကြည့်ရှုခံစားဖူးသူတိုင်းသေချာသိနေလောက်မယ်လို့ ထင်ပါတယ်။

 

ဒီတစ်ခါတင်ဆက်ပေးမှာကတော့ အောက်တိုဘာလက ရုံတင်ခဲ့တဲ့

သဘာဝဘေးအန္တရာယ်အခြေပြု တရုတ်ရုပ်ရှင်ကားကြီးဖြစ်တဲ့ Cloudy Mountain ပဲဖြစ်ပါတယ်။

ပြောခဲ့သလိုပါပဲ

ဒီကားက လူမူရေးပြဿနာတွေနဲ့ ရှုပ်ထွေးနေမယ့်

လောကကြီးအကြောင်းပုံဖော်ထားတာလည်းမဟုတ်သလို

၊ဒီလိုဆိုတိုင်း ကမ္ဘာပျက်ကပ်ကို ဦးတည်ပြီး ရိုက်ကူးပြထားတာလည်း မဟုတ်ပြန်ပါဘူး။

၁၀နှစ်ကျော် ဖောက်လုပ်ခဲ့ကြတဲ့ဥမင်လိုဏ်ခေါင်းတစ်ခု ပြီးစီးလုနီးနီးအချိန်မှာ

မထင်မှတ်ထားတဲ့ ကမ္ဘာ့ဘူမိဗေဒဆိုင်ရာ ဘေးအန္တရာယ်နဲ့ကြုံတွေ့ခဲ့ရပြီး

မြေငလျင်ဒဏ်ကြောင့် တောင်ပြိုမှုတွေဖြစ်ပွားလာနိုင်တဲ့အခြေအနေတစ်ခုကို ပုံဖော်ပြထားပါတယ်။

ဒါ့အပြင် လူဦးရေသိန်း၁၆၀ရှိတဲ့မြို့ကိုကာကွယ်ဖို့ နည်းပညာအင်အား၊လူအင်အားနဲ့အတူ

အများအကျိုးသယ်ပိုးရတာ ဂုဏ်ကျက်သရေတစ်ခုပါ လို့ မှတ်ယူထားတဲ့

သားအဖနှစ်ယောက်ရဲ့ စိတ်အားထက်သန်မှုတွေကိုပါ မြင်တွေ့ရဦးမှာပါ။

ပါဝင်အားဖြည့်ထားတဲ့ ဇာတ်လိုက်တွေရဲ့ ပြောစရာမလိုတဲ့ သရုပ်ဆောင်ချက်တွေကြောင့်လည်း

Cloudy Mountainကပိုလို့အသက်ဝင်လာခဲ့ပါတယ်။

သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဗဟုသုတတွေအပြင်

သားအဖနှစ်ယောက်ကြားထဲက သံယောဇဉ်တွေ၊

ဖခင်မေတ္တာနဲ့အတူ တောင်တန်းကြီးကပေးတဲ့ အထီးကျန်ဆန်မှုတွေကြားထဲက

ခံစားမိနေတဲ့ ကယ်ဆယ်သူတွေနဲ့ပိတ်မိနေသူတွေကြားထဲက မေတ္တာဓာတ်တွေကိုပါ အပြည့်အဝခံစားမိစေမယ့် ကားလေးပါပဲ။

အနုအယွလေးတွေပဲ ကြည့်နေရင် ပျင်းလာမှာစိုးလို့

ဗဟုသုတလည်းရ ရင်ထဲလည်းခံစားချက် တစ်မျိုးလေးကျန်နေစေမယ့် ကားကောင်းလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်‌။

Option Download Watch Live
Link1
Download Now
Watch Now


www.msubfilm.com

0 Comments:

Post a Comment

Popular Posts

Video Of the Day

3/recent/post-list

Contact Us

Name

Email *

Message *