Home » , , , » Shutter (2004)

Shutter (2004)

 

 


အငြိုးနဲ့ သေဆုံးသွားပြီး အသေမ‌‌ဖြောင့်သူတွေက
သူ အသက်ရှင်စဉ်ဘဝတုန်းက
သူ့အပေါ်မကောင်းပြုခဲ့သူတွေနောက်ကို
တကောက်ကောက်လိုက်နှောင့်ယှက်တတ်တယ်လို့ ပြောရင် သင့်အနေနဲ့ ဘယ်လိုမြင်မိလဲ။

နာနာဘာဝတွေ အသူရကာယ်ဘုံတွေနဲ့
လူ့ဘုံကပတ်သက်ဆက်နွှယ်မှုရှိတတ်‌တယ်လို့
ယုံကြည်ကြတဲ့ မြန်မာနိုင်ငံမှာတော့
ဒါမျိုး ယုံကြည်မှုတွေ အနည်းနဲ့ အများတော့ရှိကြမှာပါ။

 


IMDB 7.1 ရခဲ့ပြီး
အမေရိကန်မှာ remake ပြန်လည်ရိုက်ကူးခဲ့ရတဲ့အထိ
ပေါက်ခဲ့တဲ့ ဒါရိုက်တာ Banjongရဲ့ လက်ရာ…
ထိုင်းနိုင်ငံရဲ့ must watch Horrorကားစာရင်းဝင်ဖြစ်တဲ့

Shutter ဇာတ်ကားထဲက ဓါတ်ပုံဆရာ တန်ဟာ
သူနဲ့တစ်ကျောင်းတည်းဆင်း သူ့ဂျူနီယာညီမလေးရဲ့
ဘွဲ့နှင်းသဘင်မှာ ဓါတ်ပုံရိုက်ပေးဖို့အတွက်
တက္ကသိုလ်မြေမှာ ‌ခြေထပ်ချခဲ့ရပါတယ်။

သူရိုက်ခဲ့တဲ့ဓါတ်ပုံကိုပြန်ကူး အပြီးမှာတော့
ဓါတ်ပုံထဲမှာ အရိပ်တွေ ပုံနှစ်ထပ်ဖြစ်နေတာတွေ
ဖြစ်နေခဲ့လို့ ပုံပိုင်ရှင်ညီမလေး‌ကို
ဓါတ်ပုံပြန်မပေးနိုင်တဲ့အပြင်
ပုံထဲက အရိပ်က ရိုးရိုးသာမန်အရိပ်မဟုတ်တဲ့အခါ….

တစ်ဆက်တည်းမှာပဲ သူအရမ်းခင်မင်ရတဲ့သူငယ်ချင်းတွေ
တစ်ယောက်ပြီး တစ်ယောက် သတ်သေကုန်ကြတဲ့အခါ….
သူငယ်ချင်းတွေရဲ့ သတ်သေမှုတွေက
ပုံထဲက အရိပ်နဲ့များ သက်ဆိုင်နေတာလား။
သက်ဆိုင်တယ်ဆို ဘာလို့ သက်ဆိုင်နေရတာလဲ။
ဘာလို့ ဓါတ်ပုံကို ကိုယ်တိုင်ရိုက်ပေးတဲ့ တန်မဟုတ်ဘဲ
သတ်သေတဲ့သူတွေက သူငယ်ချင်းတွေဖြစ်နေရတာလဲဆိုတာကိုတော့ Shutter ဇာတ်ကားထဲမှာ စီးမျောရင်းနဲ့ပဲ ဆက်လက်အဖြေရှာကြည့်ကြပါစို့လားရှင်။

(ဒီဇာတ်ကားရဲ့ဒါရိုက်တာ Banjong ဟာ ဟိုတလောက ဟော့ဖြစ်သွားတဲ့ The Medium (2021) ဇာတ်ကားဖန်တီးသူလဲဖြစ်သလို အာရှတခွင်ပြဲပြဲဆင်အောင်မြင်ခဲ့တဲ့ Pee Mak(2013)ရဲ့ ဒါရိုက်တာလဲဖြစ်ပါတယ်…ဒါ့အပြင် Romance ပရိတ်သတ်အကြိုက်တွေ့ခဲ့ကြတဲ့ One Day(2016),Hello Stranger(201) ဇာတ်ကားတို့ရဲ့ ဒါရိုက်တာလဲဖြစ်ပါတယ်…ခု Shutter ဇာတ်ကားကတော့ သူ့ရဲ့ ပထမဆုံးလက်ရာဖြစ်ပါတယ်။)

Option Download Watch Live
Link1
Download Now
Watch Now


www.msubfilm.com

0 Comments:

Post a Comment

Popular Posts

Video Of the Day

3/recent/post-list

Contact Us

Name

Email *

Message *