အခုလို စိတ်ညစ်စရာတွေ ပြည့်နှက်နေတဲ့ ကာလကြီးမှာ ပျော်စရာ၊ ရွှင်စရာ ပေါ့ပေါ့ပါးပါးနဲ့
မိသားစု ကလေးတွေနဲ့ ကြည့်လို့ရမယ့်ကားလေး တစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။
Secret Agent Dingledorf and His Trusty Dog Splat ဟာ အခုနှစ်ထဲမှာ အသစ်ထွက်ထားတဲ့ကားလေးဖြစ်ပြီး
ဇာတ်ကားဟာ ကျွန်တော်တို့ ငယ်ငယ်က ကြည့်ခဲ့ရဘူးတဲ့ Home Alone တို့ Spy Kid တွေကလိုပဲ ကလေးတွေက ဇာတ်လိုက်ဖြစ်ပါတယ်။
ဇာတ်လမ်းအကျဉ်းကတော့ အရူးတပိုင်းဖြစ်နေတဲ့ လူဆိုးခေါင်းဆောင် ဒေါက်တာချက်ကယ်ဟာ
ကမ္ဘာကြီးကို အလွန်အကျွံရယ်မောစေနိုင်တဲ့ လှိုင်းနဲ့ ဖျက်ဆီဖို့ ကြိုးစားရမှာ မထင်မှတ်ထားပဲ
ကလေး ၃ ယောက်က ကမ္ဘာကြီးကို ကယ်တယ်ဖို့ အထိဖြစ်လာတာပါပဲ။
ဆန်းဆန်းပြားပြားတွေမပါပဲ ကလေးအကြိုက် ဟာသ ရီစရာအနေနဲ့ ကြည့်ရမှာဖြစ်ပါတယ်။
ဟာသလေးတွေကလည်း လူကြီးတွေကြည့်မယ်ဆိုရင် ငယ်ဘဝကိုတောင် ပြန်သတိရစေနိုင်မယ်လို့ ညွှန်းပါရစေ။
ကလေးတွေအနေနဲ့ ဘယ်လိုဖြစ်ပြီးကမ္ဘာကြီးကို ကယ်တင်ရမယ့် လူစွမ်းကောင်းတွေ ဖြစ်နေရတာလဲ၊
လူဆိုး ဒေါက်တာချက်ကယ်ရဲ့ နောက်ကြောင်း၊ သူတို့တွေ ဘယ်လိုကယ်တင်ကြမလဲဆိုတာကိုတော့
အေးအေးလူလူ ထိုင်ကြည့်ရင်း ကြည့်ရှုခံစားကြပါလို့
| Option | Download | Watch Live |
|---|---|---|
| Link1 |

0 Comments:
Post a Comment