Home » , , , » Pagglait (2021)

Pagglait (2021)

 


မိဘကပေးစားလို့ ဘာမှန်းမသိဘဲယူလိုက်ရတဲ့ အက်စ်တစ်နဲ့ဆန်ဒ်ယာတို့နှစ်ယောက်ရဲ့ အိမ်ထောင်ရေးကတော့ ရေခဲတုံးပါပဲ။ အက်စ်တစ်တစ်ယောက် ဆန်ဒ်ယာနဲ့ပတ်သတ်လို့ ဘာမှသိတာမရှိသလို ဆန်ဒ်ယာကလည်း 

မထူးမခြားနားတဲ့ စာချုပ်ပေါ်ကလင်မယားဖြစ်နေခဲ့တာပေါ့။

 

ကံဆိုးချင်တော့ အိမ်ထောင်ကျပြီး ၅ လအကြာမှာ အက်စ်တစ်တစ်ယောက်ဆုံးပါးသွားပါတော့တယ်။ ဒါပေမဲ့ ဆန်ဒ်ယာတစ်ယောက်ကတော့ 

ဆွေမျိုးတွေအားလုံးရဲ့အထင်အမြင်နဲ့ တစ်ခြားဆီဖြစ်နေပြီး ကြောင်သေသလောက်တောင် ငိုရကောင်းမှန်းမသိဖြစ်နေတာပေါ့။ ဆွေမျိုးတွေကတော့သူ့ကို PTSDလို့တောင်ထင်နေတာပါ။

တစ်နေ့မှာ အက်စ်တစ်ရဲ့စာရွက်စာတမ်းတွေပြင်ဆင်ဖို့ ရှာဖွေရင်းနဲ့ အချစ်လေးဆိုတဲ့မိန်းကလေးတစ်ယောက်ရဲ့ဓာတ်ပုံကို ဆန်ဒ်ယာတစ်ယောက်တွေ့မြင်သွားရာက အက်စ်တစ်အတွက် ခံစားချက်မြူမှုန်တောင်မရှိဘူးထင်ရတဲ့ ဆန်ဒ်ယာတစ်ယောက် ဒေါသပုံထလို့ အဲဒီမိန်းကလေးကို ရှာပုံတော်ထွက်ပါတော့တယ်။ ဒီမိန်းကလေးကရော ဆန်ဒ်ယာထင်သလို အက်စ်တစ်နဲ့ဖောက်ပြန်နေခဲ့တာလား ဒါမှမဟုတ် ဘယ်လိုပတ်သတ်မှုလဲ။ သူတို့ရဲ့အိမ်ထောင်ရေး အေးစက်နေခြင်းဟာ ဒီမိန်းကလေးကြောင့်လား။

ဆန်ဒ်ယာတစ်ယောက် မိန်းကလေးကိုရှာဖွေရင်း သူနည်းနည်းမှစိတ်မဝင်စားခဲ့တဲ့ ၅ လပေါင်းသင်းခဲ့တဲ့ ခင်ပွန်းရဲ့အကြောင်းတွေကို ဘယ်လိုသိလာရမလဲ။ စာရွက်စာတမ်းရှင်းလင်းရင်းနဲ့ အက်စ်တစ်ရဲ့
အာမခံကြေး ၅ သန်းအကြောင်းကို သိလိုက်ရတဲ့အခါ မိသားစုဝင်တွေကြားထဲက ငွေနဲ့ပတ်သတ်တဲ့ပဋိပက္ခတွေကိုရော ဆန်ဒ်ယာတစ်ယောက် ဘယ်လိုပါးနပ်စွာနဲ့ ရှောင်ထွက်မလဲဆိုတာကို သိချင်နေရင်တော့ ဒီ Pagglaitဆိုတဲ့ရုပ်ရှင်လေးကို ကြည့်လိုက်တော့နော်။ IMDbရော Rotten tomatoesမှာပါ ratingကောင်းတွေပိုင်ဆိုင်ထားတဲ့ ဒီရုပ်ရှင်လေးက ဘဝမှာကြုံရလေ့ရှိတဲ့ 
မိသားစုကြားကပြဿနာ ခမည်းခမက်အချင်းချင်းပြဿနာ ငွေရဲ့ပြဿနာ အစရှိတဲ့ ဘဝဇာတ်ခုံကို မီးမောင်းထိုးပြထားတာမလို့ ကြည့်ရှုသူကို ရသစုံပေးစွမ်းနိုင်မှာ အမှန်ပါပဲ။

 

Option Download Watch Live
Link1
Download Now
Watch Now


www.msubfilm.com

0 Comments:

Post a Comment

Popular Posts

Video Of the Day

3/recent/post-list

Contact Us

Name

Email *

Message *