Home » , , , » Kho Kho(2021)

Kho Kho(2021)



ငယ်ငယ်ကကျောင်းမုန့်စားဆင်းတဲ့အချိန် ကျောင်းဝန်းထဲမှာကိုယ်တွေ ထုတ်ဆီးတိုး၊ ကြိုးခုန်၊ ပြေးတမ်း လိုက်တမ်းစတဲ့

ကစားနည်းပေါင်းစုံကစားခဲ့သလို အိန္ဒိယနိုင်ငံရဲ့ကျောင်းသားကျောင်းသူတွေ ပျော်ပျော်ပါးပါးကစားကြတဲ့

Kho Kho (ခိုခို) ဆိုတဲ့ကစားနည်းလေးရှိပါတယ်။ 

 

ဒီလိုအားကစားနည်းလေးတွေကစားတာဟာ

တစ်ချိန်မှာအောင်မြင်တဲ့အားကစားသမားတစ်ယောက်ဖြစ်လာနိုင်တဲ့လမ်းစဆိုတာ ဘယ်သူကတွေးမိမှာလဲ ..

ဇာတ်လမ်းအစမှာ Perunthuruthu ဆိုတဲ့ရွာလေးက မိန်းကလေးကျောင်းတစ်ကျောင်းကို

Maria လို့ခေါ်တဲ့ အားကစားဆရာမလေးအသစ်ရောက်လာပါတယ်။ သိတဲ့အတိုင်း ကိုယ်တွေဆီမှာလိုပဲ

ကျောင်းမှာကာယဆရာတို့၊ အားကစားဆရာတို့ဆိုတာ လူပိုလိုဖြစ်နေတာလေ။ ဒီတော့ ကျောင်းအုပ်ဆရာကလည်း

ဆရာမအလုပ် ဘာမှမရှိတာမို့ သက်သက်သာသာနေလို့ရကြောင်းပြောတာပေါ့။ ဒီမှာတင် ဆရာကောင်းပီသတဲ့

Maria ဟာ သက်သာရာသက်သာကြောင်းမနေဘဲ ကျောင်းကကလေးတွေ ခိုခိုကစားနည်းကိုစိတ်ပါဝင်စားစွာကစားကြတာကိုတွေ့သွားပြီး

အားကစားအသင်းဖွဲ့ဖို့ကြိုးစားပါတော့တယ်။ တပည့်တွေကလည်း သူတို့နှစ်သက်တဲ့ကစားနည်းကို

စနစ်တကျလေ့ကျင့်ဆော့ကစားရမယ်ဆိုတော့ပျော်ကြတာပေါ့။ တကယ်တော့ Maria ဟာလည်း အိပ်မက်တွေကိုစွန့်လွှတ်ခဲ့ရတဲ့

အားကစားသမားဟောင်းတစ်ယောက်ပါ။ သူမအောင်မြင်ခဲ့တဲ့အရာတစ်ခုကို သူ့တပည့်တွေနဲ့ကျမှ

ဘယ်လိုအောင်မြင်အောင်လမ်းပြပေးမလဲ .. “ဆရာကောင်းတပည့် ပန်းကောင်းပန်” ဆိုသလို သူ့တပည့်တွေကရော

ဆရာမပင်ပန်းရကျိုးနပ်အောင် အောင်ပန်းတွေဆွတ်နိုင်မလားဆိုတာကိုတော့ ဆရာတပည့်ကြားက

ချစ်ခြင်းမေတ္တာတွေ ခွင့်လွှတ်မှုတွေ နားလည်မှုတွေအပြည့်နဲ့ ဒီ Kho Kho ဆိုတဲ့ဇာတ်လမ်းလေးမှာဆက်လက်ကြည့်ရှုလိုက်ပါဦးနော်။

 

Option Download Watch Live
Link1
Download Now
Watch Now


www.msubfilm.com

0 Comments:

Post a Comment

Popular Posts

Video Of the Day

3/recent/post-list

Contact Us

Name

Email *

Message *