Home » , , , » Homunculus (2021)

Homunculus (2021)


 

2021 အစောပိုင်းလောက်က 

Psychological Mystery Thriller အမျိုးအစားအနေနဲ့ ထွက်ရှိလာတဲ့ ဒီ Netflix ရုပ်ရှင်လေးကတော့ Hideo Yamamoto ရဲ့ နာမည်ကြီး manga ဖြစ်တဲ့ Homunculus ကို live action အနေနဲ့ အသက်သွင်းထားတာပဲ ဖြစ်ပါတယ်။

 

အဓိက ဇာတ်ဆောင်ကတော့ Nakoshi လို့ ခေါ်တဲ့ယောက်ျားတစ်ယောက်…အိမ်ခြေယာမဲ့တစ်ယောက်အဖြစ် နေထိုင်ရင်း ဆင်းရဲမှုနဲ့ ချမ်းသာမှု နှစ်ခုကြား မိမိကိုကိုယ် အဖြေရှာနေသူတစ်ယောက်..စိတ်ခံစားချက်တွေကင်းမဲ့နေသူတစ်ယောက်ပါ…
တစ်နေ့မှာ ဆေးကျောင်းသားအလုပ်သင်တစ်ယောက်ဖြစ်တဲ့ Ito ဆိုတဲ့ကောင်လေးတစ်ယောက်က သူ့ကိုထူးဆန်းတဲ့စမ်းသပ်မှုတစ်ခုလုပ်ဖို့ ကမ်းလှမ်းလာခဲ့တယ်… အဲ့ဒါကတော့ Trepenation လို့ခေါ်တဲ့ နဖူးအလယ်တည့်တည့်မှာ အပေါက်ဖောက်တာပါ ၊ ခုနစ်ရက်အတွင်းမှာ Nakoshi ကို စိတ်ခံစားချက်တစ်ခုခုပေးစွမ်းမယ်ဆိုတဲ့ ကတိနဲ့ပေါ့

သေမထူးနေမထူးလို့ ခံစားနေရတဲ့ Nakoshi ကလည်း ဒီစမ်းသပ်မှုကို သဘောတူညီပြီးနောက်ပိုင်းမှာ လူတွေရဲ့ အတွင်းစိတ်ထဲက ဖိစီးမှုတွေကို သတ္တဝါတွေအနေနဲ့ မြင်နိုင်တဲ့ ဆဌမအာရုံတစ်မျိုးကို ရရှိလာခဲ့တယ်

ဒီခုနစ်ရက်အတွင်းမှာ Nakoshi တစ်ယောက် သူ့ရဲ့အစွမ်းနဲ့ ထူးဆန်းတာတွေ တစ်ခုပြီးတစ်ခု တွေ့ကြုံလာရပြီးနောက်ပိုင်း သူ့ဘ၀ရဲ့အကြီးမားဆုံးပုစ္ဆာကြီးကို သူကိုယ်တိုင် ဖြေရှင်းရဖို့ ကြုံလာပါတော့တယ်…




Option Download Watch Live
Link1
Download Now
Watch Now


www.msubfilm.com

0 Comments:

Post a Comment

Popular Posts

Video Of the Day

3/recent/post-list

Contact Us

Name

Email *

Message *