Home » , , , , » Annihilation (2018)

Annihilation (2018)

 


 

လူတွေက ဆုံးဖြတ်ချက်တွေချတာလား၊ ကိုယ့်စိတ်ကတွန်းအားပေးတဲ့အတိုင်း လိုက်လုပ်နေကြတာလား?

ကိုယ့်ကိုယ်ကိုသေကြောင်းကြံတာနဲ့ ကိုယ့်ကိုယ်ကိုဖျက်ဆီးတာ တူသလား?

ပျက်သုန်းခြင်းဆိုတာ ဘာလဲ?

လီနာ့ယောကျ်ား စစ်မစ်ရှင်ရှိတယ်ဆိုပြီး ထွက်သွားတာ တစ်နှစ်ရှိပါပြီ။

 

ဘာမစ်ရှင်လဲ၊ ဘယ်ကိုသွားရမှာလဲ၊ ဘယ်သူတွေနဲ့လဲဆိုတာ လီနာကိုယ်တိုင်တောင်မသိရပါဘူး။

လီနာကတော့ သူ့ယောကျ်ားသေသွားပြီလို့ပဲ မှတ်ယူထားခဲ့ပါတယ်။

ဒါပေမယ့် တစ်နေ့မှာ သူ့ယောကျ်ား အမှတ်မထင်ပြန်ရောက်လာခဲ့ပါတယ်။

ဘယ္ကိုသြားခဲ့တာလဲ၊

အိမ်ကိုဘယ်လိုပြန်ရောက်လာတာလဲဆိုတာ သူကိုယ်တိုင်တောင် မသိတဲ့အခြေအနေ၊

ရုတ်တရက်ကြီး သွေးတွေအန်ကျလာလို့ ဆေးရုံကိုအပြေး၊ လမ်းမှာ ရဲတပ်ဖွဲ့တစ်ဖွဲ့က လီနာနဲ့ သူ့ယောကျ်ားကို ဝင်ဖမ်းသွားပါတော့တယ်။

လီနာ ပြန်နိုးလာတဲ့အချိန်မှာ သူ့ရှေ့မှာ အမိုးခုံးကြီးတစ်ခု၊ သာမန်ထက်ပိုထူးခြားတဲ့ Dimension တစ်ခုကို တွေ့လိုက်တယ်။

အဲ့အမိုးခုံးထဲဝင်သွားသမျှ အရာအားလုံး ဘာမှပြန်ထွက်မလာနိုင်ခဲ့ဘူး။

လီနာရဲ့ယောကျ်ားကလဲ ဒီအမိုးခုံးထဲကိုဝင်သွားခဲ့ပြီး အသက်ငင်ငင်နဲ့ပြန်ထွက်လာနိုင်ခဲ့မှန်း သူသိလိုက်ပါတယ်။

အမိုးခုံးကြီး ပိုပိုကြီးမားလာတာနဲ့အမျှ လူသားတွေအတွက် အန္တရာယ်ပိုရှိလာမှန်း သိလာတဲ့အခါ လီနာနဲ့မိတ်ဆွေအမျိုးသမီးတစ်ချို့ဟာ ဒီအမိုးခုံးထဲကို ဝင်ပြီး အထဲကအဖြစ်အပျက်တွေကို သွားလေ့လာပါတော့တယ်။

ဒီဇာတ်ကားဟာ ဘဝအကြောင်းကိုရေးစပ်ပြထားတဲ့ကဗျာတစ်ပုဒ်နဲ့တူပါတယ်။

ဇာတ်လမ်းထဲမှာပါတဲ့ ဆဲလ်တွေ၊ အပင်တွေ၊ ထူးဆန်းဖြစ်ရပ်တွေနဲ့ ဒီ Dimension ကြီးဟာ ကျွန်တော်တို့ရဲ့ နေ့စဉ်ဘဝတွေကို ထင်ဟပ်ပြနေသလို အပေါ်ဆုံးက မေးခွန်းတွေအတိုင်းပဲ ဇာတ်လမ်းကိုတည်ဆောက်ပြသွားပါတယ်။

ဒီဇာတ်ကားမှာ ဗီလိန်လဲမပါသလို လူကောင်းလဲမပါပါဘူး။

သိပ္ပံအက်ရှင်ဇာတ်ကားနဲ့ဆင်ပေမယ့်လဲ တကယ်တော့ Symbollism တွေ သေချာသုံးပြထားတဲ့၊ဇာတ်လမ်းတစ်ကွက် လွတ်သွားရင် ဇာတ်ရည်လည်ဖို့ခက်သွားနိုင်တဲ့ Arthouse ဆန်ဆန်ရုပ်ရှင်ကားတစ်ကားလို့ပြောရင် မလွန်လောက်ပါဘူး။

လီနာရဲ့ Relationship အခြေအနေ၊ သူ့ရဲ့ ခံယူချက်တွေ၊ သူ့ရဲ့ဆုံးဖြတ်ချက်တွေကို စကားပြောထက် အမူအရာတွေနဲ့ပဲ ပုံဖော်သွားခဲ့ပါတယ်။

ဒီဇာတ်ကားရဲ့ အကောင်းဆုံးအချက်ကတော့ ဇာတ်လမ်းကို အပေါ်ယံကြည့်ရုံနဲ့နားလည်နိုင်မှာမဟုတ်ပဲ ပြောသမျှစကား၊ လုပ်သမျှအပြုအမူတိုင်းကို သေချာအာရုံစိုက် ကြည့်မှသာ ဇာတ်လမ်းရဲ့အနှစ်ကို ရနိုင်တဲ့ကားမျိုးဖြစ်ပါတယ်။

ဒါပေမယ့် ဒီဇာတ်ကားကို နားလည်သွားတာဟာ ကဗျာတစ်ပုဒ်ဖတ်ပြီး ကဗျာဆရာရဲ့ပေးချင်တဲ့ Message ကို သိသွားတာနဲ့ တူပါတယ်။

ကျွန်တော်တို့ ဘဝမှာ နေ့စဉ်ရုန်းကန်လှုပ်ရှားနေရတဲ့သူတိုင်း၊ ကိုယ့်ချစ်သူရည်းစားနဲ့ အဆင်မပြေတဲ့သူတိုင်း၊ စိတ်ညစ်နေတဲ့သူတိုင်း ဒီဇာတ်ကားကိုကြည့်ပြီးရင် အဆုံးသတ်မှာစိတ်ထဲ တစ်ခုခုတော့ ကျန်ရစ်နေမှာ အသေအချာပါပဲ။

Imdb 7.7 နဲ့ Rotten Tomatoes 87% ရရှိထားပြီး Star Wars fan တို့ရဲ့အချစ်တော် Natalie Portman, Thor: Ragnarok ကားထဲက Valkyrie အဖြစ်ပါဝင်ခဲ့တဲ့ Tessa Thompson နဲ့အတူ Oscar Issac တို့ပါဝင်ထားတဲ့ ရုပ်ရှင်ကားကောင်းတစ်ကားဖြစ်တဲ့အတွက် ပရိသတ်တွေအနေနဲ့ ဒီကားကြည့်ပြီး ဂိသထက် ဂိနိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။


Option Download Watch Live
Link1
Download Now
Watch Now


www.msubfilm.com

0 Comments:

Post a Comment

Popular Posts

Video Of the Day

3/recent/post-list

Contact Us

Name

Email *

Message *