Home » , , » Together (2021)

Together (2021)

 

 


အိမ်ထောင်တစ်ခုမှာ ဘယ်လောက်ချစ်ကြသည်ဖြစ်စေ ရန်မဖြစ်တဲ့စုံတွဲဆိုတာတော့ ရှိကြမယ်မထင်ပါဘူး။

ဒီဇာတ်လမ်းထဲက ဇာတ်ဆောင်နှစ်ယောက်ကလည်း ၁၀နှစ်အရွယ်သားလေးတစ်ယောက်ရှိပြီးဖြစ်တဲ့ မတည့်အတူနေ

ဖေဖေနဲ့မေမေပေါ့နော် . ဘယ်လိုတောင်လဲဆို ယောက်ျားဖြစ်သူထမင်းစားနေရင် အစာချေပြီးအီးပါတဲ့ အဆင့်ထိ

မြင်ယောင်လာပြီး အလိုလိုရွံလာပါသတဲ့လေ။

 


 

အဲဒီလိုလင်မယားနှစ်ယောက်က ကိုဗစ်ကာလ လော့ဒေါင်းချလိုက်တော့ ဘယ်မှသွားမရဘဲ အိမ်ထဲမှာပိတ်မိနေတဲ့အခါ

ဘယ်လိုတွေစခန်းသွားကြမလဲဆိုတာ ပရိတ်သတ်ကြီးတို့သာ မြင်ယောင်ကြည့်ကြပါတော့။ တော်ကီကတော့ရှယ်ဖုတ်ပါတယ်။

ရန်လည်းရှယ်ဖြစ်ပါတယ် သူတို့မကျေနပ်‌ချက်တွေကို ကြည့်ရှုသူတွေကို ပြန်တိုင်နေကြတဲ့ပုံစံ ရိုက်ထားတာပါ။

ဒါပေမယ့်လည်း အချိန်တစ်ခုထိ အတူနေလာတဲ့လင်မယားတွေဆိုတော့ သံယောဇဉ်ဆိုတာတော့ ရှိကြစမြဲပေါ့နော်

အိမ်ထောင်တစ်ခုရဲ့ နေ့စဥ်လူမှုဘဝ အတက်အကျလေးတွေကို ရိုက်ပြထားတာဖြစ်လို့ အားလုံး relate လုပ်နိုင်တဲ့ကားလေး

ဖြစ်မယ်ထင်ပါတယ်။ ဘယ်လိုတွေနှစ်ပါးသွားကြမလဲဆိုတာ ကြည့်လိုက်ကြပါဦး။

ဒီကားထဲမှာ အဓိကဇာတ်ဆောင်နှစ်ယောက်တော့ X-Men ထဲမှ ပရောဖက်ဆာ ချားလ်စ်(James McAvoy) နဲ့ Sharon Horgan

တို့ပဲဖြစ်ပါတယ်။


 
Option Download Watch Live
Link 1
Download Now
Watch Now


0 Comments:

Post a Comment

Popular Posts

Video Of the Day

3/recent/post-list

Contact Us

Name

Email *

Message *