Home » , , , » Take Off (2017)

Take Off (2017)

 


ဒီကားက ကိုယ့်နိုင်ငံသားတွေရဲ့ အသက်အိုးအိမ်ကို ကာကွယ်ဖို့ တာဝန်ရှိသူတွေမှာ ဘယ်လောက်တာဝန်ယူစိတ်ရှိသလဲဆိုတဲ့အပေါ် မူတည်ကြောင်း ရိုက်ပြခဲ့တဲ့ကားလေးပေါ့။

ဒီအတွက် စားကောင်းသောက်ကောင်း သံအရာရှိ၊ စားကောင်းသောက်ကောင်း မျိုးချစ်စိတ်နဲ့တော့ မရဘူး။

လူစိတ်ရော လူကြီးစိတ်ပါရှိမှ ဖြစ်မှာပါ။

Take off က ၂ဝ၁၇ မတ်လ ၂၄ ရက်နေ့က ထွက်ခဲ့တဲ့ အိန္ဒိယမာလာရာလမ် စကားပြော ဒရာမာနဲ့ ရင်သိမ့်တုန်ကားပါ။

အီရတ်နိုင်ငံ တီကရစ်ဆေးရုံမှာ အလုပ်သွားလုပ်တဲ့ နပ်စ် ၁၉ ယောက်ဟာ ၂ဝ၁၄ အီရတ်အစိုးရနဲ့ ISIS တို့ ပြည်တွင်းစစ်ထဲမှာ ပိတ်မိနေတယ်။

အသက်ဆိုတာ အစွန်းရောက် အစ္စလာမ်မစ် တွေရဲ့ သေနတ်ပြောင်းဝမှာပဲ ရှိတယ်။

အိန္ဒိယအနေနဲ့ သူ့လူ ၁၉ ယောက်ကို ဘေးမသီရန်မခ ဘယ်လို ကယ်ခဲ့ရလဲဆိုတဲ့ ဖြစ်ရပ်မှန်ကို အခြေခံရိုက်ကူးခဲ့တဲ့ ရုပ်ရှင်ကားလည်း ဖြစ်ပါတယ်။

ဒီကားကို မာဟက်ရှ်နာရာယမ်နဲ့ ပီဗွီရှာဂျစ်ကူးမားတို့က ဇာတ်ညွှန်းရေးသားပြီး မာဟက်ရှ်နာရာယမ်က ဒါရိုက်တာလုပ်ရိုက်ကူးခဲ့တာပါ။

ဒီရုပ်ရှင်ကို ဒူဘိုင်းနဲ့ ကာရာလာနေရာအတော်များများမှာ ရိုက်ကူးခဲ့ရပါတယ်။

 


 

ဒီရုပ်ရှင်ဟာ ၄၈ ကြိမ်မြောက် အိန္ဒိယနိုင်ငံတကာ ရုပ်ရှင်ပွဲတော်မှာ အကောင်းဆုံးအမျိုးသမီး သရုပ်ဆောင်ဆုအတွက် ဆုရွေးချယ်ရေးအဖွဲ့ရဲ့ အထူးဆုကို ရရှိပါတယ်။

ဒါဟာ ပထမဦးဆုံးအကြိမ် သရုပ် ဆောင်ခဲ့တဲ့ အိန္ဒိယသရုပ်ဆောင်တဦးအတွက် ရခဲ့တဲ့ဆုလည်း ဖြစ်တာပါ။

ဒီဆုရဖို့ ဆမီးရားအဖြစ် အထူး ခြားဆုံး သရုပ်ဆောင်နိုင်ခဲ့တဲ့ မင်းသမီးပါရာဗာသီဟာ ကရာလာပြည်နယ် ရုပ်ရှင်ရဲ့ အကောင်းဆုံးရုပ်ရှင် မင်းသမီးဆု၊ မာလာရာလမ်အကောင်းဆုံး ရုပ်ရှင်မင်းသမီးအဖြစ် ရုပ်ရှင်ပွဲတော်ဆုတွေကိုပါ ရရှိသွားခဲ့ပါတယ်။


Link1        720p        Download   Watch Now

 

 

0 Comments:

Post a Comment

Popular Posts

Video Of the Day

3/recent/post-list

Contact Us

Name

Email *

Message *