Home » , » Scream (1996)

Scream (1996)




Horror, Mystery ပရိတ်သတ်တွေအတွက် 90s ခေတ်က

rating လည်းကောင်းကောင်းရထားတဲ့ ကားကောင်းလေးတစ်ကား တင်ပေးလိုက်ပါတယ်။
Horror အမာခံပရိတ်သတ်တွေ ဆိုရင်တော့ Scream 1996 က အထူးညွှန်းနေစရာ မလိုပါဘူး။
အခုနောက်ပိုင်းထွက်တဲ့ horror ကားတွေနဲ့ ဒီကားနဲ့ ကွာခြားချက်ကို ပြောပါဆိုရင်
သူက supernatural ဆန်ဆန် သရဲတွေ နာနာဘဝတွေမပါဘဲ mystery အသားပေးထားပြီး
လူသတ်သမားက ဘယ်သူများဖြစ်မလဲဆိုပြီး ရင်တထိတ်ထိတ်ကြည့်ရတဲ့ဖီလင်ကိုပေးတဲ့ ကားမျိုးပါ။




ဒီကားက ထွက်ပြီးပြီးချင်းပဲ horror ရုပ်ရှင်တွေကြားထဲမှာ ဇာတ်လမ်းတည်ဆောက်ပုံရော
ဇာတ်ရှိန်ထိန်းသွားတာရောကောင်းလွန်းလို့ နာမည်အရမ်းကြီးခဲ့တဲ့ ကားတစ်ကားလည်းဖြစ်ပါတယ်။

ဇာတ်လမ်းအကျဥ်းကို ပြောရမယ်ဆိုရင်တော့ ဆစ်ဒနေဆိုတဲ့ ကောင်မလေးဟာ
သူမရဲ့အမေကို မုဒိန်းကျင့်ပြီးလူသတ်မှုတစ်ခုမှာ တစ်ခုမှာ ဆုံးရှုံးခဲ့ရတာပါ။
အဲလိုနဲ့ စိတ်ဒဏ်ရာရနေတဲ့ ဆစ်ဒနေဟာ ဘဝကိုပြန်လည်တည်ဆောက်ဖို့ကြိုးစားနေတုန်း
၁ နှစ်ပြည့်သွားတဲ့အချိန်မှာပဲ သူ့အမေတုန်းကလို လူသတ်မှုတွေ ဖြစ်လာပါတော့တယ်။
ထူးဆန်းတာက သူ့အမေကိုသတ်ခဲ့တယ်လို့ သံသယရှိသူကို ထောင်ထဲထည့်ပြီးသွားပြီ ဖြစ်နေလို့ပါ။
ဒီတော့ အခုဖြစ်လာတဲ့ လူသတ်မှုတွေရဲ့ နောက်ကွယ်က တရားခံကဘယ်သူတွေလဲ?
သူတို့ရဲ့ ရည်ရွယ်ချက်က ဘာလဲ?
အရင်လူသတ်မှုနဲ့ ဘယ်လိုဆက်စပ်နေလဲ?

IMDB မှာ 7.3 ရထားပြီး tomatometer မှာတော့ 79% ရထားလို့
horror ကားတွေထဲမှာ rating တော်တော်လေးမြင့်တယ်လို့ ပြောလို့ရပါတယ်
ဒီကားက 1, 2, 3, 4 အတွဲလိုက် ထွက်ထားတာဖြစ်လို့
နံပါတ် ၁ ကို အားပေးကြမ်းကြတယ်ဆိုရင်
နောက်ပိုင်းတွေပါ ဆက်တိုက်တင်ပေးသွားဖို့ စဥ်းစားထားပါတယ်။

0 Comments:

Post a Comment

Popular Posts

Video Of the Day

3/recent/post-list

Contact Us

Name

Email *

Message *