Home » , » Life of Brian (1979) Monty Python’s Life of Brian

Life of Brian (1979) Monty Python’s Life of Brian

 


 

IMDb Rating (8.1) / Rotten Tomatoes (95%)

ဒီဇာတ်ကားကတော့ မကြည့်ဖူးရင်တောင် Memes တွေမှာ မြင်နေကျမို့ ရင်းနှီးနေမှာပါ…

တကယ်လဲ သရော်ထားတဲ့နေရာမှာ ဆရာတစ်ဆူလို့ပြောရမယ့်ဇာတ်ကားပါ…


 

ဘာသာရေး၊ လူမျိုးရေး ၊နိုင်ငံရေးစတဲ့ အထိမခံရွှေပုဂံ တကယ့်ဒိတ်ဒိတ်ကြဲတွေကိုမှ ပြောင်မြောက်စွာ သရော်ထားတဲ့

ဗြိတိန်ဟာသအဖွဲ့ Monty Python ရဲ့ လက်ရာမြောက်ရုပ်ရှင်တစ်ကားဖြစ်ပါတယ် …

ဘရိုင်ယန်ဆိုသူဟာ ယေရှုနဲ့နွားတင်းကုပ်ချင်းကပ်ရပ်မွေးဖွားလာသူဖြစ်ပြီး

ထိုခေတ်ကဂျူးတွေပီပီ ရိုမန်တွေကိုမုန်းတီးသူလည်းဖြစ်ပါတယ် ..

ဒီလိုနဲ့ အရွယ်ရောက်ချိန်မှာ ရိုမန်ဆန့်ကျင်ရေးတပ်ဖွဲ့ထဲဝင်ခဲ့ပြီး

အဲ့အဖွဲ့ရဲ့ပြောင်မြောက်တဲ့ အလွဲလွဲအချော်ချော်တွေမှာ ကိုယ်တိုင်ပါဝင်ဆင်နွှဲပါတော့တယ်…

အဲ့အဖွဲ့က အခုလက်ရှိကမ္ဘာ့အခြေအနေနဲ့ တော်တော်လေးဆင်တူနေတယ်ဗျ …

သူတို့ဟာ မြေပြင်မှာဘာမှ လက်တွေ့လုပ်ဆောင်ခြင်းမရှိဘဲ

အစည်းအဝေးတွေ ခဏခဏလုပ်ပြီး ရှုတ်ချကြောင်းတွေ..

ဝမ်းနည်းကြောင်းတွေ စာထုတ်နေ‌တဲ့ UN လိုအဖွဲ့မျိုးပါ ..

၁၉၇၉ က ထွက်ရှိခဲ့တယ်ဆိုပေမဲ့ ဘာသာရေး လူမျိုးရေး ဝါဒရေးမှိုင်းတွေနဲ့ကမ္ဘာကြီးအတွက်

အမြဲလတ်ဆတ်နေမယ့်ဇာတ်ကားမျိုးဖြစ်ပြီး ကမ္ဘာကြီးရဲ့စောင်တလွဲတွေကို အမြဲတမ်းသရော်နေမှာပါ။

 

Option Download Watch Live
Link1
Download Now
Watch Now


www.msubfilm.com

0 Comments:

Post a Comment

Popular Posts

Video Of the Day

3/recent/post-list

Contact Us

Name

Email *

Message *