Home » , » Here and There (2021)

Here and There (2021)

 


“သံယောဇဉ်တွေတော့ ရှိနေတယ်
ချစ်သူတော့လည်း မဟုတ်ပြန်ဘူး”

“တစ်ယောက််အကြောင်း တစ်ယောက် အပြန်အလှန် ဖွင့်ဟနေမိကြတယ်
အရင်းနှီးဆုံးသူတွေတော့လည်း မဟုတ်ပြန်ဘူး”

ခံစားချက် တစ်ခုကတော့ မွေးဖွားနေတယ် …..
ဒါဟာ အချစ်လား မသေချာပြန်ဘူး

လေလှိုင်းပေါ်က ဇာတ်လမ်းတစ်ပုဒ်ရယ်လို့ပဲ တင်စားရမလား

Covid-19 ဆိုတဲ့ ဗိုင်းရပ်စ် ရဲ့ ရိုက်ခတ်မှုအောက်မှာ
လူတိုင်းရဲ့ ကွန်းခိုရာက အင်တာနက်ဆိုတဲ့ အရာ ဖြစ်လာတယ်

အထီးကျန်ဆန်သူတို့အဖို့ စိတ်အပန်းဖြေရာ ဖြစ်လာတယ်

ချစ်ရသူတွေနဲ့ ဆက်သွယ်ကြတယ် …..
ချစ်သူဖြစ်လာမယ့်သူတွေနဲ့ ဆုံဆည်းခဲ့ကြတယ် ….

လေလှိုင်းပေါ်က အချစ်ဟာ တည်မြဲပါ့မလားဆိုတဲ့ မေးခွန်းထက်
ပို မေးချင်မိတဲ့အရာက

လေလှိုင်းပေါ်ကနေ တကယ်ပဲ ချစ်မိသွားနိုင်လား …
ချစ်မိသွားရင်ရော ဘယ်လောက်ထိ နက်နဲမှာလဲ

တစ်ဘက်က နှစ်နှစ်ကာကာချစ်ပြီး
တစ်ဖက်က ပေါ့ပေါ့တန်တန်ချစ်ခဲ့ရင်ရော

နှစ်နှစ်ကာကာ ချစ်မိသူအဖို့ နာကျင်ရမှာလား

သေချာတယ် ….. နာကျင်ရလိမ့်မယ်ဗျ

“အချစ်ဆိုတာကတော့ နီးနီး ဝေးဝေး၊
ကြီးကြီးသေးသေး အချစ်ဟာ အချစ်ပါပဲ”

 


 

တချို့ကတော့ ဆိုကြတယ်
လေလှိုင်းပေါ်က အချစ်က မတည်မြဲဘူး မစစ်မှန်ဘူး

သို့ပေမဲ့ လေလှိုင်းပေါ်က စပြီး သက်ဆုံးတိုင်သွားကြတာတွေလည်း ရှိနေကြပြန်ရော

ဒီတော့ ဒီကောင်လေးနဲ့ ကောင်မလေးရဲ့
လေလှိုင်းပေါ်က သံယောဇဉ်ကရော ဘယ်ဆီကို ဦးတည်နေမလဲ……

အတွေးတွေ ဟိုဟိုသည်သည် ရောက်ရင်း ဒီကားလေးကို ဆက်ကြည့်လိုက်ကြဦးစို့ဗျာ

အချစ်အကြောင်း တစုံတရာတော့ တွေးမိကြမှာပါ။


Link1        720p        Download  /  Watch Now

 

 

0 Comments:

Post a Comment

Popular Posts

Video Of the Day

3/recent/post-list

Contact Us

Name

Email *

Message *