Home » , , » Chapelwaite – Season 1(2021)

Chapelwaite – Season 1(2021)



Horror ချစ် ပရိသတ်တွေအတွက် Chapelwaite ဆိုတဲ့ 2021 အသစ်ထွက် American Horror TV- series ကောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်

Season 1 မှာ အပိုင်း 10 ပိုင်း ပါဝင်မယ်လို့ သိရပြီး လက်ရှိမှာ 4 ပိုင်းထွက်လာပြီးတဲ့ Ongoing Series တစ်ခုပဲ ဖြစ်ပါတယ်

IMDb rating 7.5 ထိ ရထားပါတယ်

ဒီဇာတ်လမ်းကိုတော့ အမေရိကန် စာရေးဆရာ Stephen King ရဲ့ Jerusalem’s lot ဆိုတဲ့ ဝတ္တုတိုအပေါ် အခြေခံပြီး ရိုက်ကူးထားတာပါ



ဇာတ်လမ်းအကျဉ်းလေး မိတ်ဆက်ရမယ် ဆိုရင်ဖြင့်…
ငယ်စဉ်က ဖခင်ဖြစ်သူရဲ့ အစွဲအလမ်းတစ်ခုကြောင့် စိတ်ဒဏ်ရာနဲ့ ကြီးပြင်းလာခဲ့ရတဲ့ ချားစ်ဘွန်းဆိုသူဟာ ကုန်းမြေနဲ့ ဝေးရာကို ထွက်ပြေးရင်း ဘဝတလျှောက်လုံး ပင်လယ်ထဲမှာ အချိန်ကုန်ခဲ့သူပါသ‌င်္ဘောပေါ်မှာပဲ အိမ်ထောင်ကျ သားသမီး ၃ ယောက် ထွန်းကားခဲ့ပါတယ်

ဇနီးဖြစ်သူ ဆုံးရှူံးသွားရပြီးနောက် အမွေရတဲ့ Maine က စံအိမ်ကြီးကို သားသမီး ၃ ယောက်နဲ့ အတူ ပြန်လာတာကနေ ဇာတ်လမ်းစထားပါတယ်

သူတို့ စံအိမ်ကို ရောက်လာတဲ့အခါ ကျိန်စာသင့်သလို ဖြစ်နေတဲ့ ပရီချာကော်နာမြို့သူမြို့သားတွေက ဘွန်းမျိုးနွယ်ကြောင့်ဆိုတဲ့ စိတ်နဲ့ သူတို့ သားအဖတွေကို ဝိုင်းကျဉ်ခံရပါတယ်

ဘာအကြောင်းကြောင့်ဆိုတာ သေချာမသိရ မြို့ထဲမှာလည်း လူတွေက တစ်ယောက်ပြီးတစ်ယောက် ရောဂါနဲ့ သေဆုံးနေကြတာကို သိရပြန်ပါတယ်

ဒါတွေကို မယုံကြည်တဲ့ စာရေးဆရာမလေး ရေဗက္ကာကတော့ ချားစ်ရဲ့ ကလေး ၃ ယောက်ကို စာသင်ပေးဖို့ သဘောတူပြီး ချက်ပယ်ဝိတ်စံအိမ်ကို ရောက်ရှိလာပါတယ်

ချက်ပယ်ဝိတ်ရဲ့ လျှို့ဝှက်ချက်ကို ဖော်ထုတ်တာထက် ပိုကောင်းမယ့် ဇာတ်လမ်းမရှိနိုင်ဘူးဆိုတဲ့ ခံယူချက်နဲ့ ရောက်လာတာပါ

သူရော ချက်ပယ်ဝိတ်ရဲ့ လျှို့ဝှက်ချက်ကို တကယ်ဖော်ထုတ်နိုင်ပါ့မလား….

မြို့ထဲက ရောဂါဆိုးက တကယ်ပဲ ဘွန်းတွေကြောင့် ဖြစ်တာလား…

ချားစ်အတွက် အိမ်ကြီးကို အမွေပေးခဲ့တဲ့ ဦးလေးဖြစ်သူ ဖိလစ်ဘွန်းနဲ့ အစ်ကိုဝမ်းကွဲဖြစ်သူ စတက်ဖန်ဘွန်းရဲ့ လျှို့ဝှက်ချက်ကရော ဘာလဲ…

သူတို့က ပရီချာကော်နာကလူတွေအပေါ် ဘာအမှားလုပ်ခဲ့လို့ ဘွန်းမျိုးနွယ်ကို မုန်းတီးနေကြတာလဲဆိုတာတော့ ဆက်လက်စောင့်ကြည့် အားပေးကြပါနော်
Chapelwaite ကတော့ မြှုပ်ကွက်တွေ အများကြီးနဲ့ သည်းတထိတ်ထိတ် ရင်တဖိုဖို ကြည့်ရမယ့် ရှားပါး horror စီးရီးထဲက တစ်ခုလို့ ညွှန်းပါရစေ


Option Download Watch Live
အပိုင်း(၁)
Download Now
Watch Now
အပိုင်း(၂)
Download Now
Watch Now
အပိုင်း(၃)
Download Now
Watch Now
အပိုင်း(၄)
Download Now
Watch Now
အပိုင်း(၅)
Download Now
Watch Now
အပိုင်း(၆)
Download Now
Watch Now
အပိုင်း(၇)
Download Now
Watch Now

0 Comments:

Post a Comment

Popular Posts

Video Of the Day

3/recent/post-list

Contact Us

Name

Email *

Message *