Home » , , » Loved Like a Flower Bouquet (2021)

Loved Like a Flower Bouquet (2021)

 

 


အသက်၂၁နှစ်အရွယ် တက္ကသိုလ် ကျောင်းသားချစ်သူနှစ်ဦးကြားက ချိုချဉ်ခါးအရသာအစုံ ပေးမယ့် ဂျပန်ရိုမန့်ခပ်ငြိမ့်ငြိမ့်လေးလာပါပြီဗျာ

ရာမာနဲမူကီနဲ့ ဟာချီရာကီနှစ်ယောက် ရထားဘူတာမှာ ဆုံတွေ့ခဲ့ရင်းက ထူးဆန်းစွာပဲ အကြိုက်ချင်း ဝါသနာချင်း အသေးစိတ်လေးကအစ တူညီနေကြတာကို သိလိုက်ရပါတယ်

ထပ်တူကျတဲ့ ဝါသနာအကြိုက်လေးအကြောင်းတွေကို ဖလှယ်ရင်း ဆွေးနွေးရင်း နောက်တော့ တရက် မတွေ့ရမနေနိုင်ဖြစ်သွားပြီး ချစ်မိခဲ့ရောပေါ့

 


 

အဲ့လိုနဲ့ နှစ်ယောက်သား living together နေကြရင်း ဖြတ်သန်းလာကြရတဲ့ ၄နှစ်တာ ချစ်သူမက ဆက်ဆံရေးမှာ လူမှုရေးကိစ္စပြသနာတွေနဲ့ အမြင်ကွဲလွဲမှုတွေဝင်ရောက်လာတဲ့အခါ…

စိတ်တူကိုယ်တူသူတို့နှစ်ယောက်ကြား ပျော်ရွှင်မှုဆိုတာ တည်မြဲနိုင်ခဲ့သလားဆိုတာကို

လူငယ်နှစ်ယောက်ရဲ့ အချစ်ရေး စလယ်ဆုံး အမျိုးစုံကြိုးခုန် အဖြစ်အပျက်တို့ကို လက်တွေ့ဆန်ဆန် ပုံဖော်ထားတဲ့ ဒီကားလေးမှာကြည့်ရှုရမှာပါ

မိုးအေးအေးလေးမှာ ကွေးကွေးလေးနဲ့ အတည်ကြီး ဖီးလ်တတ်ရင် ကြည်နူးမိရင်း ငိုချင်မိသလိုဖြစ်သွားစေမှာလည်း အမှန်အကန်ပါ ။

 

 

0 Comments:

Post a Comment

Popular Posts

Video Of the Day

3/recent/post-list

Contact Us

Name

Email *

Message *