Home » » King of Prison 2: The Prison War

King of Prison 2: The Prison War








King of Prison 2 (2021)

ထောင်ကားတွေ ရှားပါးနေတဲ့အချိန်မှာ
ထောင်ကား ကောင်းကောင်းလေးတစ်ကောင်းကို တင်ဆက်ပေးလိုက်ပါတယ်။

၂၀၂၀ ခုနှစ်တုန်းက King of Prison 1 ထွက်ရှိခဲ့ပြီး အတော်အတန် အောင်မြင်ခဲ့ပါတယ်။

ထောင်ကား ကြိုက်နှစ်သက်သူတွေအဖို့ အတော်သဘောတွေ့ခဲ့ရတဲ့ ကားပါပဲ။

ဒီကားကလည်း စိတ်မပျက်စေရဘူးဆိုတာ အာမခံပါတယ်။


နာမည်ကြီး မင်းသားမင်းသမီးတွေ မပါဘဲ လူမိုက်ကြီးတွေနဲ့ကို ဇာတ်လမ်းက ကောင်းနေတာပါ။

အဓိကကတော့ အက်ရှင်မှ ကြမ်းမှ ကြိုက်တယ်ဆိုသူတွေ ကြည့်သင့်တဲ့ကားပါပဲ။

ဇာတ်လမ်းအကျဉ်းကတော့ ဒီလိုပါ။

ထောင်မင်းသားတွေ ထောင်ဘုရင် ဖြစ်ဖို့ကြိုးစားကြတာပါ။

ထောင်ထဲမှာ အပြိုင်အဆိုင်လူမိုက်လုပ်နေကြတဲ့ အဖွဲ့နှစ်ဖွဲ့ ရှိပါတယ်။

ဒီနှစ်ဖွဲ့ရဲ့ခေါင်းဆောင်နှစ်ယောက်ကလည်း တစ်ယောက်နဲ့တစ်ယောက် ရန်စောင်နေကြတာပါ။
“ကိုယ်ဦးကိုယ်တွယ် သူဦး သူတွယ်” ပါပဲ။
ဘာလို့လဲဆိုတော့ ခေါင်းဆောင်နှစ်ယောက်ဟာ ထောင်ဘုရင်ဖြစ်ဖို့ ပြိုင်နေကြတာကိုး။

မကောင်းတဲ့အတိတ်နဲ့ ထောင်ထဲမှာဓားကိုင်နိုင်တဲ့ တစ်ဦးတည်းသော ထောင်သား ဂီချောလ် ရောက်လာတဲ့အခါမှာတော့
အဖွဲ့နှစ်ဖွဲ့ကြားရန်လိုမှုက မီးလောင်ရာ ဓာတ်ဆီနဲ့လောင်းလိုက်သလိုပါပဲ။

အရှိန်အဟုန်က ပြင်းထန်လာပါတော့တယ်။

လာဘ်စားတဲ့ ထောင်လုံခြုံရေးမှူး ရယ် …..
နောက်ကွယ်မှာ ထိန်းချုပ်ဖို့ ကြိုးစားနေတဲ့သူဌေးကြီးရယ် ……
ပါဝင်နေသေးတယ်ဆိုတော့…

စစ်မှန်တဲ့ထောင်ဘုရင်ဘယ်သူဖြစ်မလဲ ဆိုတာကို ဇာတ်လမ်းထဲမှာ ဆက်လက်ကြည့်ကြပါဦးစို့။






0 Comments:

Post a Comment

Popular Posts

Video Of the Day

3/recent/post-list

Contact Us

Name

Email *

Message *