Home » » 77 Heart Warmings (2021)

77 Heart Warmings (2021)






၇၇ ကြိမ်လောက် အသည်းကွဲပြီးတော့ …..
၇၇ ကြိမ်လောက် အသည်းကျွမ်းဖို့ ပရိသတ်ကြီးကို ဖိတ်ခေါ်လိုက်ပါတယ်။

ဒီကားမကြည့်ခင် 77 Heartbreaks လေးတော့ ပြန်ကြည့်သင့် …..။

ဒီကားမှာတော့ ထိုင်းမင်းသားချောလေး မာရီယိုကပါ ပါဝင်ပြီး
စိတ်လှုပ်ရှားပေးမှာမို့ ရင်ခုန်စရာဇာတ်လမ်းလေးကို ခံစားကြည့်ရအောင်နော်။

“ပျော်ရွှင်မှု” ဆိုတာ အဝေးကြီးမှာ ရှာဖွေစရာမလိုပါဘူး။
ရိုးရိုးရှင်းရှင်းလေးနဲ့ ကိုယ့်အနား ရောက်လာတဲ့ခံစားမှုကို ပျော်ပျော်ရွှင်ရွှင်လေးခံစားတတ်ဖို့ပဲလိုတာပါ။


၇၇ ခါမြောက် စိတ်လှုပ်ရှားရဖို့ ၇၇ ကြိမ်လောက် စိတ်ပင်ပန်းခဲ့ရတယ်။
နောက်ဆုံးတစ်ခါ စိတ်ပင်ပန်းခဲ့ရတာကတော့ သူသစ္စာဖောက်တာကို လက်ပူးလက်ကြပ်မိတဲ့အချိန်ပေါ့။

သူဘယ်လိုပဲပြင်ပါ့မယ်လို့ပြောပြော စိတ်ထဲမှာတော်တော်ကြောက်နေခဲ့တာ။
သူ့ရဲ့အပြောအဆို၊ အယုအယတွေအောက် ကိုယ်ထပ်ပြီး ကျရှုံးသွားမှာ ကြောက်နေခဲ့မိတယ်။

ထပ်ပြီးစိတ်ထိခိုက်မှာကို ကြောက်နေခဲ့မိတယ်။

အခုတော့ သူက သူနဲ့မတူအောင်ကို ကိုယ့်အတွက်စဉ်းစားပေးလို့ ပျော်ရွှင်ခဲ့ရတယ်။

နောက်ပြီးတော့ ဟိုတစ်ယောက်… ထူးဆန်းတဲ့ပုံစံတစ်မျိုးနဲ့ ကိုယ့်ဆီချဉ်းကပ်လာခဲ့တယ်။

အဖြစ်အပျက်တွေ အရမ်းကိုမြန်ဆန်လွန်းပေမယ့် သူနဲ့ဆို လွတ်လပ်သလိုခံစားရတယ်။
ကိုယ့်ကို လက်တွေ့ဘဝထဲက ရုန်းထွက်လာပြီး သူနဲ့အတူတူ ပျော်ရွှင်ရအောင်တဲ့…

ကိုယ်ဘယ်လိုလုပ်ရမလဲ…. ?
ကိုယ်ဘာကိုရွေးရမလဲ …..?
ခံစားချက် နဲ့ ဘဝ ရောထွေးနေခဲ့ပြီ။
ခံစားချက် နဲ့ ခံစားမှုတွေ ထပ်တူမကျတော့ဘူး။
ကိုယ် မဖြစ်မနေရွေးချယ်ရမယ်ဆိုရင်တော့ ကိုယ်ရွေးရမယ့်သူက…….




Link 1            Download / Watch Now        

0 Comments:

Post a Comment

Popular Posts

Video Of the Day

3/recent/post-list

Contact Us

Name

Email *

Message *