Home » , , , » Corrective Measure (2022)

Corrective Measure (2022)

(မူရင်းကိုက 1080p မထွက်တဲ့အတွက် 720, 480p နဲ့ပဲ တင်ဆက်ပေးလိုက်ပါတယ်)ဘရုစ်ဝီလီရဲ့ နောက်ဆုံးဖြစ်လာမယ့် ရုပ်ရှင်တွေထဲက တစ်ကားပါ။ စူပါဟီးရိုးကားပါ။ နာမည်တူဂရပ်ဖစ် နိုဗယ်ကိုပဲ ရိုက်ထားတာပါ။ ပုံစံကတော့ The Boys Presents: Diabolical ထဲက အပိုင်းနှစ်နဲ့တောင် ခပ်ဆင်ဆင်ပါပဲ။ ဘရုစ်ဝီလီရဲ့ ကာရိုက်တာကတော့ ပရော်ဖက်ဆာ X နဲ့အကုန်တူပါတယ်။ တူဆို အစကတည်းက ကတုံးပဲကိုး။ ဝှီးချဲတော့ မပါဘူးပေါ့။ တခြား Punisher တို့ Electro တို့ The Watcher တို့လည်း ပါတယ်။ ကပ္ပတိန်အမေရိကတို့ မာရှန်မန်းဟန်တာတို့အပြင် ဆိုက်ကလော့နဲ့အတူ တခြားဟီးရိုး ပေါင်းများစွာလည်းပါပါတယ်။X-men ထဲက ဆိုက်ကလော့ထက် ဒီက ဆိုက်ကလော့က ဆိုက်ကလော့နဲ့ပိုတူပါတယ်။ မျက်စိတစ်လုံးပဲ ပါဝါရှိတာပါ။ နောက် CW Flash ဖန်တွေအတွက် သတင်းကောင်းပြောရရင် ကမ္ဘာပေါင်းစုံက ဟယ်ရီဆင်ဝဲလ် ဆယ်ယောက်လောက်နေရာက ကောင်းကောင်းသရုပ်ဆောင်နိုင်ခဲ့တဲ့ သရုပ်ဆောင်ကောင်းတဲ့ Tom Cavanagh ကြီးရဲ့ အခန်းတွေလည်း တော်တော်ပါပါတယ်။ ဇာတ်လမ်းကတော့ ခပ်ဆန်းဆန်း စူပါဟီးရိုးထောင်ကားပါ။ စူပါဟီးရိုးထောင်ကားဆိုတော့ Prison Break တို့ Shawshank Redemption တို့ထဲက တစ်ချို့အခန်းလေးတွေကို ယူသုံးထားတာလည်းပါပါတယ်။ ဝေဖန်ရေးသမားတွေကပါ အစောပိုင်းအချိန်က 6/10 တို့ ဘာတို့ပေးထားတာဆိုတော့ ထွက်ခဲ့တဲ့ ဘရုစ်ဝီလီကားတွေလောက် မချာပါဘူး။ စူပါဟီးရိုးကြိုက်တဲ့သူတွေလည်း ကြည့်ပျော်မှာပါ။

0 Comments:

Post a Comment

Popular Posts

Video Of the Day

3/recent/post-list

Contact Us

Name

Email *

Message *