Home » , , , , » Raksha Bandhan (2022)

Raksha Bandhan (2022)

Video Sources

Server 1Server 2


ဒီဇာတ်ကားလေးကတော့ အရှေးကူမားရဲ့မေတ္တာစာဖွဲ့ကားလေးလို့
ပြောရမယ်..စွန့်လွှတ်အနစ်နာခံတဲ့ အစ်ကိုကြီး အဖရာ နေရာကနေ
သရုပ်ဆောင်ထားတယ်..
အိန္ဒိယနိုင်ငံအတွင်းမှာက သတို့သမီးဘက်က သတို့သားကို တင်တောင်းရတယ်
သမီးမွေးထားတဲ့ မိဘတွေက တစ်သက်လုံးလျှာထွက်အောင်ရုန်းရတယ် သူတို့သမီးလေး
ယောက္ခမအိမ်မှာ မျက်နှာမငယ်ရဖို့အတွက် တင်တောင်းငွေများများပေးပြီး
မင်္ဂလာဆောင်ပေးတဲ့ ဓလေ့ဆိုပါတော့…ဒါတင်မကသေးဘူး တချို့သားရှင်တွေက ဘယ်လောက်ဆိုးလဲဆိုရင်
တင်တောင်းငွေပေးပြီး ပေးစားလိုက်ပြီးတာတောင် ပွဲတော်အခါသမယတွေရောက်တိုင်း
ဟိုဟာပေးပါဦး ဒီဟာပေးပါဦးနဲ့ ထပ်တောင်းကြသေးတယ် မပေးရင်တော့
ဒီသမီးမိန်းကလေးက စိတ်ချမ်းချမ်းသာသာနဲ့ မနေရ သိမ်ငယ်ရတာပေါ့ဒီအဖြစ်ဆိုးမျိုးတွေနဲ့ ဓလေ့ကြီး ရိုက်ခတ်အခံရဆုံးသူကတော့ ချန်ဒီချော့မြို့လေးအတွင်းမှာ
နေထိုင်သူ လာလာကီဒါနသ်ဆိုသူပေါ့…မိဘတွေဆုံးပါးသွားကြပြီးနောက်
ညီမလေးယောက်ဖြစ်သူကို ကျွေးမွေးပြုစုစောင့်ရှောက်လာခဲ့ရသူပေါ့…
ညီမလေးတွေ အရွယ်ရောက်လာတော့ သူတုိ့လေးတွေကို မင်္ဂလာဆောင်ပေးရမယ့်
ဝန်ထုပ်ကြီးက သူ့ခေါင်းပေါ်မှာ ပိနေသလို ချစ်ရသူလေးကလည်း သူ့ကိုလက်ထပ်ပေးဖို့
ဂျီကျလာတဲ့အခါ မိခင်မဆုံးခင်ကလည်း သူညီမလေးယောက်ကို မင်္ဂလာဆောင်ပေးပြီးမှ
သူလက်ထပ်ပါ့မယ်လို့ ကတိပေးထားခဲ့လေတော့….မိခင်ကိုပေးထားတဲ့ ကတိကိုတည်နိုင်အောင်ကြိုးစားဖို့ပဲ အားသန်နေတဲ့ လာလာတစ်ယောက်…ကတိတည်နိုင်ပါ့မလား….သူ့အချစ်လမ်းခရီးဖြောင့်ဖြူးနိုင်ပါ့မလား…ရှေ့ဆက်ပြီးတော့ အရှေးကူမားရဲ့ထုံးစံအတိုင်းအလွဲလေးတွေနဲ့ ခွီရမယ့်အပြင်
လောကဓံကရိုက်ခတ်လာတဲ့အခါ ဝမ်းနည်းစရာလေးတွေကြုံလာရမှာမို့
ဒီကားလေးဟာ ခွီလည်းခွီရ ငိုလည်းငိုရနဲ့ ပညာပေးရိုက်ကူးထားတဲ့ အရှေးကူမားရဲ့
မိသားစု ဒရာမာ ဟာသကားကောင်းလေးတစ်ကားဖြစ်ပါတယ်လို့ ညွှန်းပေးလိုက်ပါတယ်…
File size…2.03GB / 1.04GB
Quality…1080p WEB DL / 720p
Format…mp4
Duration….1h 48m



Option Download Watch Live
Link1
Download Now
Watch Now


www.msubfilm.com မြန်မာစာတန်းထိုးဇာတ်ကားများ

0 Comments:

Post a Comment

Popular Posts

Video Of the Day

3/recent/post-list

Contact Us

Name

Email *

Message *