Home » , , » My Sweet Monster (2022)

My Sweet Monster (2022)





My Sweet Monster (2022) မြန်မာစာတန်းထိုး

ကနဦးပြောချင်တာကတော့ ဒီကားရဲ့ အင်တာနေရှင်နယ် ဒံပေါက် ရိတ်တင်ကို မယုံပါနဲ့။
အတည်ပါ လူ၈၀လောက်ပဲပေးထားတာပါ။
ကျွန်တော်ကိုယ်တိုင်လည်း အဲဒီဒံပေါက်ရိတ်တင်ကြည့်ပြီး တော်တော်ဆိုးမယ် ထင်ခဲ့ပေမဲ့ မဟုတ်ပါဘူး။
ခရမ်းချဉ်သီးရိတ်တင်လည်း မထွက်သေးပါဘူး။
အသေးစားဆိုက်ကလေးတွေကတော့ ၅ မှာ ၅ပေးထားတာတွေ ၇၃ပေးထားတာတွေရှိပါတယ်။
ဆိုလိုတာက အတည်မဂျင်းပါဘူး။
ပေါ့ပေါ့ကားကား ကာတွန်းကားအနေနဲ့ ကြည့်ကောင်းသလို ရယ်ရတာလေးတွေလည်းပါပါတယ်။
ဇာတ်အိမ်လေးလည်း နည်းနည်းဆန်းပါတယ်။
ပေါ့ပေါ့ပါးပါးကြည့်ရင် စိတ်ပျော်စေမယ့် ချစ်ဖို့ကောင်းတဲ့ ကာတွန်းကားပါပဲ။
သီချင်းလေးလည်း ငါးခါလောက်ဆိုကြပြီး နားဝင်လွယ်တဲ့ ချိုချိုအေးအေးလေးတွေဆိုတော့
ဟိုတုန်းက ဒစ္စနေး ကာတွန်းကားတွေရဲ့ အရသာပိုပေါ်ပါတယ်။
Honestlyပြောရရင် စိတ်ပြေလက်ပျောက်ကြည့်ချင်ရင် ကြည့်ကောင်းတဲ့ကားလေးပါပဲ။
ငယ်ငယ်က ကာတွန်းကားတွေကို ပေါင်းထားတဲ့ အရသာမျိုးလည်းရတယ်။

ဇာတ်လမ်းကတော့ စက်ရုပ်တွေထွင်တတ်တဲ့ အင်ဂျင်နီယာဘုရင်ကြီးတစ်ပါးရှိတယ်။
သူ့သမီးလေးကို သူကအရမ်းချစ်တော့ အရမ်းချုပ်ချယ်တယ်။
အချစ်ဝတ္တုတောင် ပေးမဖတ်တဲ့အထိပဲ။
ဒီလိုနဲ့ သူ့သမီးလေးကို ဖူးဖူးမှုတ်ထားတဲ့ ဘုရင်ကြီးဟာ ပြည်သူတွေအတွက်
သူ့သမီးလေးကို လူယုတ်မာတစ်ကောင်နဲ့ လက်ထပ်ပေးဖို့ ဖြစ်လာခဲ့တယ်။
အဲဒီမှာ မင်းသမီးလေးက ထွက်ပြေးတာပေါ့။
ဒီလိုနဲ့ မွန်းစတားကောင်လေးရှိတဲ့တောအုပ်ထဲရောက်သွားတယ်။
ယုန်ရယ် မွန်းစတားရယ် မင်းသမီးလေးရယ် ခင်သွားကြတယ်။
ဘုရင်ကြီးဆီက စက်ရုပ်တွေကို လူယုတ်မာကလွှတ်ပြီး မင်းသမီးလေးကိုပြန်ခေါ်ဖို့လုပ်တာပေါ့။
နောက်ပိုင်းကတော့ ကြည့်သာကြည့်ကြည့်တော့၊။

ဇာတ်ကြောင်းက ဒီထက်တော့ရှုပ်ပါတယ်။
နားလည်လွယ်အောင်တစ်ချို့အချက်တွေ ဖယ်ရေးလိုက်ရတာပါ။
ဟိုးတုန်းက ဒစ္စနေးမင်းသမီးလေးတွေကားတွေ၊ မွန်းစတားကားတွေ၊
စက်ရုပ်တွေပါတဲ့ကာတွန်းကားတွေ၊ မှော်ဆန်တဲ့ကားတွန်းကားတွေကို ကြိုက်ခဲ့ဖူးရင်
ဒီကာတွန်းရုပ်ရှင်ဟာ အဲဒီအရသာတွေအကုန်လုံးကို Nostalgic ဖြစ်စေမှာပါပဲ။

အညွှန်း နဲ့ ဘာသာပြန်ကတော့ WiRa Aung ပဲ ဖြစ်ပါတယ်။


Genre….. Animation, Adventure
Quality….WEB-DL 1080p and 720p and 480p
File size… 1.7GB and 722MB and 295MB
Format…mp4
Duration…. 1h 38mi

Option Download Watch Live
Link1
Download Now
Watch Now


www.msubfilm.com

မြန်မာစာတန်းထိုး

0 Comments:

Post a Comment

Popular Posts

Video Of the Day

3/recent/post-list

Contact Us

Name

Email *

Message *