Home » , , , , » Antim: The Final Truth (2021)

Antim: The Final Truth (2021)



ဒီနေ့ပဲ ထွက်ရှိလာတဲ့ Bollywood ရုပ်ရှင်တစ်ကားကို တင်ဆက်လိုက်ပါတယ်…

မင်းသား Salman Khan နဲ့ သူ့ယောက်ဖ Aayush Sharma တို့ အပြိုင်ကြဲထားတဲ့ Action,Crime,Drama ဇာတ်ကားလေးဖြစ်ပြီး IMDb Rating (7.6) ထိ ရရှိထားသလို ရုံတင်တုန်းကလဲ နာမည်ကြီးလူကြိုက်များခဲ့တဲ့ဇာတ်ကားပါ။

 လယ်သမားတစ်ဦးရဲ့ ချစ်ခြင်းမေတ္တာ၊ ဘဝအဓိပ္ပာယ်နဲ့ ရှင်သန်ရပ်တည်ခြင်းက သူ့ရဲ့ လယ်မြေလေးတစ်ကွက်ရယ်ပါ။ ခြေမအထိ စီးကျနေတဲ့ ချွေးကို သုတ်ဖို့မအား၊ မြေကြီးထဲကပြူထွက်လာတဲ့ ကောက်ပဲသီးနှံလေးတွေက သူ့ခွန်အားပါ။ ဒါပေမယ့် သူဆုံးရှုံးလိုက်ရတဲ့ သူ့လယ်မြေပေါ်မှာပဲ အလုပ်ပြန်လုပ်ရတဲ့ သူ့ခံစားချက်ကို ကျွန်တော်တို့ ကိုယ်စား ဝင်ခံစားကြည့်ရအောင်လား။

ပုလ္လင်ပေါ်က မဆင်းခဲ့တဲ့ နပန်းချန်ပီယံကြီး၊ သမီးမိုက်တစ်ယောက်နဲ့ သား မလိမ္မာတစ်ယောက်ကို အရင်းတည်ပြီး အရင်းရှင်တစ်ယောက် ‌ခြေအောက်မှာ ပြားပြားဝပ်ခဲ့ရ။ ဘဝက ထိချက်နာလိုက်ပုံများ။

လူငယ်ပီပီ ခံစားချက်အတိုင်း လိုက်လုပ်တတ်တဲ့ လူငယ်လေးတစ်ယောက်။ သူ့အဖေ နပန်းသမား ဘဝဆုံးနေသူကြီးနဲ့ မိသားစုကိုကယ်တင်ဖို့၊ သူသိပ်ချစ်တဲ့ သူ့လယ်မြေကို ပြန်ယူဖို့ လက်သီးတစ်လုံး အရင်းပြုပြီး လူမိုက်လောကထဲ ဝင်လာခဲ့တယ်။ သူ့မျက်စိရှေ့က အရင်းရှင် အမြတ်ကြီးစား ခေါင်းပုံဖြတ်သူများကို ခါးခါးသီးသီး ဆန့်ကျင်တိုက်ခိုက်လာခဲ့ရင်း လူမိုက်လောကမှာ တစ်နေရာရလာတော့ အကွက်တွေရွှေ့ ငွေပုံပေါ်မှာ ဘဝမေ့လာပြီ။ ရုတ်တရက်နိုးအထ မှန်ကိုကြည့်လိုက်မှ သူမုန်းခဲ့တဲ့ အရင်းရှင်ဘဝ သူကိုယ်တိုင်ရနေမှန်းသိလို့ အမှားကို အမှန်ပြင် နောင်တကို နောင်မှမတရအောင် ပြန်အဖက်ဆည်နိုင်မလား။

နှလုံးသားလှုပ်အနှိုးမှာ ရုတ်တရက်လန့်နိုးရတဲ့ အချစ်တွေကို သိမ်းပိုက်သွားတဲ့ ကောင်မလေးကိုလည်း အမုန်းတရားပွားအောင် မရည်ရွယ်ဘဲမှားခဲ့တာတွေ ပြန်ပြင်နိုင်မလား။ သူ့ဖခင်ရဲ့ ရန်ကြွေးကိုလည်း ကျေနပ်တဲ့အထိ ပြန်ဆပ်နိုင်ပါ့မလား။ လားပေါင်းများစွာပေါ့ဗျာ။ အိန္ဒိယနိုင်ငံရဲ့ လတ်တလောကြေးမုံပြင်ကို မြင်အောင်ပြတဲ့ ဇာတ်ကားလေးမလို့ လက်လွတ်မခံသင့်ပါဘူး။ ဒီနေ့ထွက် ဇာတ်ကားကို ဦးဦးဖျားဖျား တင်ပေးနိုင်အောင် အကောင်းဆုံးကြိုးစားတင်ဆက်ပေးထားပါတယ်။ ဆောင်းလေအေးအေးမှာ ကော်ဖီလေး‌နဲ့ နွေးထွေးစေမယ့် ဇာတ်ကားလေးပါပဲဗျာ။


Option Download Watch Live
Link1
Download Now
Watch Now


www.msubfilm.com

0 Comments:

Post a Comment

Popular Posts

Video Of the Day

3/recent/post-list

Contact Us

Name

Email *

Message *