Home » , , , » Hard Boiled (1992)

Hard Boiled (1992)


John Woo ရဲ့ ပစ္စတိုအော်ပရာတစ်ပုဒ်ကို ကြည့်ချင်တယ်ဆိုပါစို့။ Hard Boiled ဟာ ခင်ဗျားချန်ထားခဲ့လို့မရတဲ့ကားပဲ။ ဂျွန်ဝူးရဲ့ အကောင်းဆုံးတွေအကြောင်းပြောရင် Hard Boiled ကို ကျုပ်တို့တွေ ဖယ်ထားလို့မရဘူး။ 

 

ဒီရုပ်ရှင်အပြီးမှာ သူဟာ ခင်ဗျားတို့ ကြိုက်လှပါရဲ့ပြောကြတဲ့ Windtalkers တို့ Face / Off တို့ကို ဟောလိဝုဒ်ထွက်ရိုက်နိုင်တဲ့အထိ ခြေဆန့်နိုင်ခဲ့တယ်။ Mission:Impossible 2 ကိုလည်း 

သူပဲရိုက်ခဲ့တာပဲ။

ဂျွန်ဝူးရဲ့ လက်စွဲတော်ချောင်ယွန်ဖတ်နဲ့အတူ ရှမ်းကြီးအဖေ တိုနီလျောင်ချူဝေကိုလည်း ဒီကားထဲမှာ ခင်ဗျားတို့တွေ့ရလိမ့်မယ်။ ဝါတော့နည်းနည်းနုသေးတာပေါ့။ 

ချောင်ယွန်ဖတ်ကြီးကတော့ သူ့စတိုင်အတိုင်း သွားကြားထိုးတံကြီးတခဲခဲနဲ့ သေနတ်တွေပစ်ပြနေတာပါပဲ။ ရှားရှားပါးပါးချောင်ယွန်ဖတ် ရဲနေရာက သရုပ်ဆောင်တဲ့ကားဆိုလည်း မမှားဘူး။  

Hard Boiled ကိုတော့ ကျွန်တော့်အနေနဲ့ပြောရရင် မာတင်စကောဆေးစိကြီး ကူးချလိုက်ရတဲ့ Internal Affairsကားတွေကို အစပျိုးပေးတဲ့နေရာလို့ထင်မိတယ်။

ဂျွန်ဝူးရဲ့ Heroic Bloodshed ပုံစံအတိုင်း ပစ်ခန်းတွေ အရင်ကားတွေထက်ပိုများပေမဲ့ သူ့ဟန်ဖြစ်တဲ့ ဒရာမာချိုးပြီး ပရိတ်သတ်ရဲ့ ခံစားချက်ကို ခလုတ်တိုက်စေတဲ့ ဇာတ်၀င်ခန်းတွေကို မြင်ရဦးမှာပဲ။ ဒါလည်း သူ့အရသာပဲမလား။ 

သာမန်အက်ရှင်ကား ကြည့်ချင်မှတော့ ဂျွန်ဝူးကား ဘယ်ကြည့်မလဲ။ အက်ရှင်ကားမှာကို လူကိုဆွေးတမြေ့မြေ့ဖြစ်စေတဲ့ အရသာမျိုး ဂျွန်ဝူးလိုပေးနိုင်တဲ့သူ ရှားတယ်မို့လား။ 

သူ့နောက်က ဒါရိုက်တာတွေ လုပ်ကြည့်ကြတာ မြင်ဖူးပေမဲ့ သူ့လိုဖြစ်လာတာတော့ မမြင်ဖူးဘူး။ 

ဒါလည်း သူ့ Themeပဲကိုး ။

1992မှာရိုက်ခဲ့တဲ့ ဒီဂျွန်ဝူးကားက သူ့ Heroic Bloodshed Theme ရဲ့ အပိတ်လို့ဆိုလို့ရတယ်။

ဒီကားနောက်ပိုင်း သူဒီပုံစံတွေမရိုက်တော့သလို ချောင်ယွန်ဖတ်နဲ့လည်း တွဲမရိုက်တော့ဘူး။ အမေရိကလစ်ပြီး အဲဒီမှာပဲရိုက်တော့တယ်။ 

နောက်ကျမှ ပြန်ရိုက်ဖြစ်တာက Red Cliffတို့ The Crossingတို့ပေါ့။ သို့ပေမဲ့ Theme ပြောင်းသွားခဲ့ပြီ။ အလှပဆုံး အပိတ်နဲ့ ပိတ်လိုက်တာပါပဲ။

ပုံမှန်ဂျွန်ဝူးကားတွေကို ဂျွန်ဝူးကိုယ်တိုင် ဇာတ်လမ်းရေးတာများပေမဲ့ ဒီကားမှာတော့ အဲဒီနှစ်မှာပဲ နှလုံးရောဂါနဲ့သေသွားတဲ့ ဘယ်ရီဝေါင်ရဲ့ ဇာတ်လမ်းနဲ့ ရိုက်ထားခဲ့တယ်။ 

ဇာတ်လမ်းရှင်ကလည်း ချောင်ရဲ့ Fight Back To School တို့၊ Mr. Vampire တို့ကို ဇာတ်ညွှန်းရေးခဲ့တဲ့သူပေါ့။

Hard Boiled ဟာ ချောင်ယွန်ဖတ်နဲ့ ဂျွန်ဝူးရဲ့ နောက်ဆုံးတွဲရိုက်တဲ့ကားဖြစ်သလို ချောင်ယွန်ဖတ်နဲ့ ဝေါင်ကာဝေးဖန်‌တွေရဲ့ အချစ်တော်ကြီး တိုနီလျောင်ချူဝေ ဆုံစည်းခဲ့တဲ့ တစ်ကားတည်းသောကားလည်းဟုတ်တယ်။ Heroic Bloodshed Theme ရဲ့ နောက်ဆုံးကားလည်းဟုတ်တယ်။ 

ဂျွန်ဝူးရဲ့ အကောင်းဆုံးတွေထဲက တစ်ကားလည်း ဟုတ်ပါတယ်။ တစ်ချို့ဆို ဂျွန်ဝူးကို ဂျွန်ဝှစ်လို အနောက်တိုင်း အက်ရှင်တွေကပါ ဘာလို့အတုခိုးကြလဲ နားမလည်နိုင်လို့ ဒီကားကိုကြည့်ပြီးမှ ဩချသွားကြရတဲ့ ကားလည်းဟုတ်တယ်။ 

ဂျွန်ဝူးဖန်တွေ ကြည့်ကိုကြည့်သင့်တဲ့ကားကောင်းတစ်ကားပါပဲ…။


Option Download Watch Live
Link1
Download Now
Watch Now


www.msubfilm.com

0 Comments:

Post a Comment

Popular Posts

Video Of the Day

3/recent/post-list

Contact Us

Name

Email *

Message *