Home » , , » Hannibal (2001)

Hannibal (2001)


Hannibal (2001)Cannibal ဆိုတဲ့အင်္ဂလိပ်စကားလုံးရဲ့အဓိပ္ပာယ်က လူသားစားတဲ့သူပေါ့။ ဒီလူသားစားတဲ့အရာကဘယ်လောက်ထိခရီးပေါက်နေလဲဆိုရင် cannibal တို့ cannibalism တို့ဆိုတဲ့စကားလုံးတွေကိုပါသုံးနေရတဲ့အထိပေါ့။ ဒီထဲကလူသတ်သမားက လူသားလည်းစားတဲ့ဇာတ်ကောင်မျိုး။ လူသတ်သမားဖြစ်တဲ့အတွက် သွေးအေးအေးနဲ့သတ်ပြီးတော့ကို ပယ်ပယ်နှယ်နှယ်စားတာမျိုးပေါ့။၊ ဇာတ်ကားတစ်လျှောက်လုံး စားပြမနေ၊သတ်ပြမနေပေမဲ့ ဇာတ်အိမ်ခိုင်ခိုင် ဇာတ်ကောင်ကောင်းကောင်းတွေနဲ့ ဇာတ်ကားတစ်လျှောက်လုံး ကြည့်ရှူသူပရိသတ်ကို မျောနေအောင်ဆွဲခေါ်သွားတာမျိုး။Triller/Crime လို့ genre သတ်မှတ်ထားပေမဲ့ Horror/Action ဆိုလည်းမမှားဘူးဗျ။


 Triller/Crime ဆိုတဲ့အတိုင်း ရဲမှုခင်းဇာတ်ကားမျိုးပေါ့၊ လူသတ်သမားနဲ့စုံထောက်ကြားဇာတ်အိမ်ကောင်းကောင်းကိုဘယ်လိုတည်ဆောက်ထားလဲ တစိမ့်စိမ့် အရသာခံရင်းကြည့်ရမယ့်ကားမျိုး။ 1991 ကထွက်ခဲ့တဲ့ The Silence of the Lambs ဆိုတဲ့ IMDb 8.6/10 ရသွားပြီး 1991 ခုနှစ်အတွင်း တစ်ကမ္ဘာလုံးရဲ့ငါးကားမြောက်စာရင်းဝင်သွားတဲ့ Triller/Horror ကားတစ်ကားကိုတော့မှတ်မိကြမယ်ထင်ပါတယ်။ Triller/Horror ကြည့်သူတိုင်း ကြည့်ကိုကြည့်ထားသင့်တဲ့ကားကောင်းတစ်ကားပေါ့။ ဒီကားက အဲကားရဲ့ Sequel လို့ပြောလည်းရမယ့် ကားတစ်ကားပါပဲ။သုံးထားတဲ့ဘက်ဂျက်နဲ့ရုံတင်‌ဝင်ငွေပြန်ရခဲ့တဲ့ကားကောင်းတစ်ကားဖြစ်တာနဲ့အညီ‌ အတော်လေး ကြည့်လို့ကောင်းတာမျိုးကိုသွားတွေ့ရပါတယ်။ ဒီ Hannibal ကို inspiration ယူပြီးရိုက်ထားတဲ့ 2013 ခုနှစ်ကထွက်ခဲ့တဲ့ Hannibal စီရီးဟာဆိုရင်လည်း IMDb 8.5 ရတဲ့ထိကိုအောင်မြင်ခဲ့တယ်ပေါ့လေ။ ဆိုတော့ ဒီကားရဲ့ဇာတ်လမ်းအကျဉ်းကိုပြောရမယ်ဆိုရင် Hannibal Lector ဆိုတဲ့‌ လူသားစားလူသတ်သမားရဲ့လက်ကနေအသက်မသေဘဲလွတ်မြောက်လာခဲ့တဲ့ တစ်ဦးတည်းသောသားကောင်ဖြစ်တဲ့ Mason Verger ရယ်၊ အဲဒီလူသတ်သမားကို သရဲမရဲလိုက်ဖမ်းနေတဲ့အက်ဘီအိုင်အေးဂျင့် Clarice Starling ရယ်ဆိုပြီး အဓိကဇာတ်ကောင်သုံးယောက်ရဲ့အပြိုင်အဆိုင်အားပြိုင်မှုကိုတွေ့ရမယ်ပေါ့။ ဒါပေမဲ့ ဇာတ်လမ်းကောင်းတစ်ပုဒ်ဆိုတာ ဒီအဓိကဇာတ်‌ကောင်တွေတင်မကဘဲ အရံဇာတ်ကောင်ပေါင်းများစွာရဲ့ပံ့ပိုးမှုပါ ပါနေမယ်ဆိုတာသိပ်ပြောဖို့လိုမယ်မထင်ပါဘူး။ဒီတော့ 1999 ခုနှစ်ကထွက်ရှိခဲ့တဲ့ Thomas Harris ရဲ့ ဝတ္ထုရှည်ကိုရိုက်ကူးထားတဲ့ The Silence of the lambs ရဲ့ sequel ကားကောင်းတစ်ကားဖြစ်တဲ့ 21 ရာစုအစ 2001 ခုနှစ်ရဲ့ Hannibal ကားဟာ ဘယ်လောက်ကြည့်ကောင်းမယ်မကောင်းဘူးဆိုတော့ ရှု့စားဆုံးဖြတ်ပေးကြပါဦးခင်ဗျာ…

Option Download Watch Live
Link1
Download Now
Watch Now


www.msubfilm.com

0 Comments:

Post a Comment

Popular Posts

Video Of the Day

3/recent/post-list

Contact Us

Name

Email *

Message *