Home » , » Arsène Wenger: Invincible (2021)

Arsène Wenger: Invincible (2021)

လူသားတွေရဲ့ ဘဝဆိုတာ အရှုံးနဲ့အနိုင် ဒွန်တွဲနေတတ်တာမျိုးဗျ၊ အဲ အရှုံးနည်းတဲ့လူကျ လူတော်ဖြစ်လာပြီး အရှုံးမရှိတဲ့သူကျ ပြိုင်ဘက်ကင်း(The Invincible)ဆိုပြီးဖြစ်လာတယ်။ဒီ Documentary တစ်ခုလုံးမှာ အာဆင်နယ်အသင်းကို အာဆင်ဗန်းဂါးရောက်လာတဲ့အချိန်က‌နေစပြီး နှုတ်ဆက်သွားတဲ့အချိန်အထိ သူဒီအသင်းကိုဘာတွေလုပ်ပေးခဲ့တယ်၊ ဘာတွေပေးဆပ်ခဲ့လဲဆိုတာ မြင်ရပါမယ်။တစ်ရာသီလုံးရှုံးပွဲမရှိဆိုတဲ့ ရွှေဖလားကိုဘယ်လိုမျိုးရအောင်ယူခဲ့တာလဲဆိုတဲ့ အကြောင်းကတော့ မပါမဖြစ်ပေါ့ဗျာ။ အာဆင်ဝင်းဂါးဟာ အာဆင်နယ်ဆိုရင် အာဆင်ဝင်းဂါးနဲ့တွဲမြင်ရတဲ့ထိ၊ အာဆင်ဝင်ဂါးဟာ အာဆင်နယ်နည်းပြဖြစ်လာဖို့ မွေးဖွားလာရသလား ထင်ရတဲ့အထိကို အာဆင်နယ်ကိုပေးဆပ်ခဲ့ပါတယ်။ဒီအကြောင်းတွေကို အာဆင်ဝင်းဂါးအပြင် အာဆင်ရဲ့တပည့်တွေဖြစ်တဲ့ ဗီရဲရာ၊ ကီရွန်၊ ဘားကမ့်၊ အာဆင့်ရဲ့ masterpiece ဖြစ်တဲ့ သီရာရီ အွန်နရီ သူတို့က ပြန်‌လည်ပြောပြတဲ့ပုံစံမျိုးရိုက်ကူးထားပါပြီး ဆာ အဲလက်စ်ဖာဂူဆန်ကလည်း ပါဝင်အားဖြည့်ပေးထားပါသေးရဲ့ခင်ဗျာ။ပရီးမီးယားလိဂ်မှာ အသင်းပေါင်း 20 ရှိပါတယ် ၊ The invincible ဆိုတဲ့ အသင်းကတော့ အာဆင်နယ်တစ်သင်းပဲရှိပါတယ်။


နိုင်ငံတကာက လိဂ်ပေါင်း များစွာမှာ ဘောလုံးအသင်းပေါင်းများစွာရှိပါတယ်၊ လိဂ်ဖလားကို ရွှေဖလားရဖူးတာကတော့ အာဆင်နယ်တစ်သင်းပဲရှိပါတယ်။

အဆုံးသတ်ပြောရရင် မှော်ဝင်ဆန်းပြားတဲ့ တော်ဝင်ဂန်းနားတို့ လက်လွှတ်မခံသင့်တဲ့ Documentary ပဲဖြစ်ပါတယ်။
Size – 1.6GB, 930MB
Quality – 1080p, 720p
IMDb Rating – 8.4/10
Format – mp4
Duration – 1H 35Min
Type – Documentary


Option Download Watch Live
Link1
Download Now
Watch Now


www.msubfilm.com

0 Comments:

Post a Comment

Popular Posts

Video Of the Day

3/recent/post-list

Contact Us

Name

Email *

Message *