Home » , , » The Spirit Of Ramayana (2019)

The Spirit Of Ramayana (2019)


 


ဇာတ်လမ်းအစမှာတော့ ရုပ်ရှင်ကုမ္မဏီတစ်ခုဟာ ဘတ်ဂျက်မလုံလောက်သောကြောင့်
၂နှစ်ကြာ ရပ်နားလိုက်ရတဲ့ နတ်တရာဇာတ်လမ်းလို့ ခေါ်တဲ့ ဆီဒါရုပ်ရှင်ကို ပြန်လည်ရိုက်ကူးဖို ပြင်ဆင်နေကြပါတယ်…

ဒီဇာတ်လမ်းဟာ ထိုင်းနိုင်ငံရဲ့ အမွေအနှစ်တစ်ခုလည်းဖြစ်သလို လေးစားတန်ဖိုးထားသင့်တဲ့အရာတစ်ခုဖြစ်တဲ့အတွက်
ကုမ္မဏီတော်တော်များများဟာလည်း ဒီပရောဂျက်ကို အများသူငါထက် ပိုသာအောင်ဖန်တီးခဲ့ကြတယ်…

 

ဆိုတော့ ဒီပရောဂျက်ကို တာဝန်ယူထားတဲ့ ခွန်နတ်က ဆီဒါအဖြစ်သရုပ်ဆောင်နိုင်တဲ့သူကို သေချာရွေးချယ်ပြီး
အကောင်းဆုံး ဆီဒါဇာတ်ကောင်တစ်ခု ပေါ်ထွက်လာအောင် ကြိုးစားဖို့ အကြောင်းဖန်လာခဲ့ပါတော့တယ်….

အရွေးချယ်ခံရဖို့ ကြိုးစားနေသူတွေထဲမှာ မင် ဆိုတဲ့ ကောင်မလေး သည်လည်း အရည်အချင်းရှိသူတစ်ယောက်ပါ….

ဆီဒါ ဇာတ်ကောင်ကို လုံးဝသရုပ်ဆောင်ခွင့်ရအောင်လို့ အပြင်းအထန်ကြိုးစားနေသူတစ်ယောက်လည်း ဟုတ်ပါတယ်…

ဒါပေမယ့်လည်း ပြိုင်ဘက်တွေများတာကြောင့်ရယ် ယုံကြည်မှု အပြည့်အဝ မရှိတာရယ်ကြောင့် သူ အရွေးအချယ်မခံရပါဘူး…

ဒါသူ့အတွက် မျှော်လင့်ချက်ကြီး ရိုက်ချိုးခံရသလိုဖြစ်စေခဲ့ပြီး သူ့အစား ဂျီနားဆိုတဲ့ကောင်မလေးက အရွေးချယ်ခံရတာကြောင့်း

စိတ်ထဲမှာမနာလိုမှုတွေ အနည်းအများ ရောက်ရှိခဲ့လာခဲ့ပါတော့တယ်….

ဒါပေမယ့် ဒီနတ်တရာဇာတ်လမ်းဟာ အားလုံးထင်တဲ့အတိုင်း သာမန်ဇာတ်လမ်းတစ်ခုမဟုတ်နေခဲ့ပါဘူး….

နောက်ကွယ်မှာ အားလုံး မထင်မှတ်ထားတဲ့ ကြောက်မက်ဖွက်ရာ ကိစ္စတစ်ခု ဖြစ်လာခဲ့သေးတယ်လို ဆိုရမှာပေါ့

ဒီနတ်တရာဇာတ်လမ်းကို လွန်ခဲ့တဲ့ ၂နှစ်လောက်က
မရပ်နားလိုက်ခင်မှာ ဆီဒါဇာတ်ကောင်အဖြစ်သရုပ်ဆောင်ရတဲ့မိန်းကလေး တစ်ဦးဟာ အသတ်ခံလိုက်ရခြင်းကြောင့်ပဲဖြစ်ပါတယ်….

အဲ့ဒီမိန်းကလေး အသတ်ခံရပြီးတဲ့နောက်မှတေ့ာ ကုမ္မဏီရဲ့ တိုက်ခန်းအလွှာတစ်ထပ်မှာ ဘယ်သူမှရှာမတွေ့အောင်ချိတ်ပိတ်ထားရာ…

မလွတ်မကျွတ်ဘဝ နဲ့ ချုပ်နှောင်ခံထားရတဲ့ သူမ..

အခုလိုဇာတ်လမ်းပြန်လည်ဖန်တီးတာကို သိရတော့
အဓိကသရုပ်ဆောင်တွေကို အမျိုးမျိုးဒုက္ခရောက်အောင်လုပ်ပြီး အသက်သေလုနီးဖြစ်အောင် ကြံစည်ခဲ့ပါတယ်….

အသက်မသေတာကလွဲပြီး ကျန်ကြားရတဲ့သတင်းတွေက သတင်းဆိုးတွေချည်းဖြစ်နေခဲ့ပါတော့တယ်…

ဒီလိုနဲ့ လုပ်ကြံခံရတဲ့သရုပ်ဆောင်တွေများလာတော့ နောက်ဆုံးမှာ မင့်ကို ဆီဒါဇာတ်ကောင်အဖြစ် ရွေးချယ်လိုက်ပါတော့တယ်

မင့်အလှည့်ကျတော့ ဒီကိစ္စကို အမြန်ဆုံးဖော်ထုတ်နိုင်ဖို့အတွက် အမှန်တရားတွေရှာဖွေရန် ထက်သန်လာခဲ့ပါတော့တယ်..

အဲ့ဒီကာလအတွင်း မင့်တစ်ယောက်ဘယ်လိုအခက်အခဲတွေ ကြောက်မက်ဖွယ်ရာတွေရင်ဆိုင်လာရမလဲ………..??

လွန်ခဲ့တဲ့ နှစ်နှစ်က မိန်းကလေးကို သတ်ခဲ့တဲ့ လူသတ်သမားကဘယ်သူဖြစ်မှာလဲ??

ဘာလိုအသတ်ခံရတာလဲ ဘာလို ချိတ်ပိတ်ခဲ့တာလဲဆိုတာ

ဒီဇာတ်လမ်းမှာပဲ ရင်ခုန်ခြောက်ခြားစွာနဲ့ အတူတူကြည့်ကြရအောင်………

Option Download Watch Live
Link1
Download Now
Watch Now


www.msubfilm.com

0 Comments:

Post a Comment

Popular Posts

Video Of the Day

3/recent/post-list

Contact Us

Name

Email *

Message *