Home » » Evan Almighty (2007)

Evan Almighty (2007)

ကမ္ဘာဦးအစမှာ အဖြစ်အပျက်တစ်ခု ဘုရားသခင်လက်ထက်မှာ ဖြစ်ပေါ်ခဲ့ဖူးတယ်လို့ ခရစ်ယာန် သမ္မာကျမ်းကဆိုပါတယ်။ အကျင့်ပျက် အကုသိုလ်တွေနဲ့ ဆိုးသွမ်းလာတဲ့ လူသားတွေအပေါ် ဘုရားသခင်က ကြီးမားတဲ့အပြစ်ပေးခဲ့တယ်။ လူသားတွေဟာ ကြီးမားတဲ့ရေလွှမ်းမိုးမှုကြီးအောက်မှာ သေကြေပျက်ဆီးသွားပြီး လူသားမျိုးနွယ် ချုပ်ငြိမ်းရမယ့်အဖြစ်ကို ရင်ဆိုင်ခဲ့ရတာပေါ့။ဒါပေမယ့် နောဧဆိုတဲ့ လူသားတစ်ယောက်ကိုတော့ ဘုရားသခင်က အခွင့်အရေးတစ်ခုပေးခဲ့ပါတယ် ကမ္ဘာကြီးကို restart ချတဲ့ပုံစံနဲ့ ရွေးချယ်ခံရတဲ့ လူသားတွေ တိရိစ္ဆာန်မျိုးစိတ်တွေကို ကယ်တင်နိုင်ဖို့ ကြီးမားတဲ့ အာ့ခ် လှေကြီးတစ်စင်း တည်ဆောက်ရန်အတွက် နောဧကို ဘုရားသခင်က သတိပေးခဲ့တယ်။ 



နောဧက ဇနီးတစ်ယောက် သားသုံးယောက်နဲ့ လှေကြီးကိုတည်ဆောက်ပြီး လူသားများနဲ့ တိရိစ္ဆာန်မျိုးစိတ်တစ်ခုမှာ အဖိုအမ တစ်စုံစီကို ရေလွှမ်းမိုးမှုကြီးကနေ ကယ်တင်နိုင်ခဲ့တယ်။အဲဒီလိုအဖြစ်မျိုး ယနေ့ကာလမှာ ထပ်မံပေါ်ပေါက်လာဖို့ အကြောင်းဖန်လာပါတယ်။ ဒါပေမယ့် ဒီတစ်ခါမှာတော့ ရေလွှမ်းမိုးမှုကြီးက ဘုရားသခင်ရဲ့ အမျက်ကြောင့်ဖြစ်ပေါ်လာတာမဟုတ်ဘဲ လူသားတွေရဲ့ အမှားကြောင့်ဖြစ်ပေါ်လာတာပါ။ ကမ္ဘာကြီးကို ပြောင်းလဲပစ်ချင်တဲ့ ပူပူနွေးနွေး အမေရိကန် ကွန်ဂရက်လွှတ်တော်အမတ်လေး အီဗန် ဘတ်စ်တာကို ခေတ်သစ် နောဧအဖြစ် ဘုရားသခင်က ရွေးချယ်လိုက်တဲ့အခါမှာတော့ ပေါက်ကရ ရယ်စရာအဖြစ်တွေ ပေါ်ပေါက်လာပါတော့တယ်။မိသားစုကြည့် ရယ်စရာ ပညာပေးကားတစ်ကားဖြစ်ပြီး ဝါးလုံးကွဲရယ်ရတာမျိုးမဟုတ်ဘဲ တပြုံးပြုံးနဲ့ ဇာတ်ကားဆုံးတဲ့အထိ ထိုင်ကြည့်ရမယ့်ကားလေးပါ ပေးချင်တဲ့ သင်ခန်းစာလေးကလည်း လောကကြီးမှာ အမှန်တကယ်လိုအပ်နေတဲ့ အရာဖြစ်တယ်ဆိုတာကို ကြည့်ရှုခံစားပြီး ဆင်ခြင်သုံးသပ်လိုက်ကြပါဦး။


Option Download Watch Live
Link1
Download Now
Watch Now


www.msubfilm.com

0 Comments:

Post a Comment

Popular Posts

Video Of the Day

3/recent/post-list

Contact Us

Name

Email *

Message *