Home » , , , » Wife of a Spy 2020

Wife of a Spy 2020

 ယေဘုယျအနေနဲ့တော့ နိုင်ငံတစ်နိုင်ငံရဲ့ ကိုယ်ပိုင်ယဉ်ကျေးမှုရဲ့ သက်တမ်းကြာရှည်လေ သူ့မှာထွန်းကားတဲ့ အနုပညာတွေ မြင့်မားလေပါပဲ။

ရုပ်ရှင်လောကမှာ ဂျပန်ဟာ ကိုယ်ပိုင်ဟန် ကိုယ်ပိုင်အသွေးနဲ့ ရပ်တည်နေပြီး အနောက်နိုင်ငံတွေက သူ့ကို ဆင့်ပွားကူးယူ ခံ‌ရနေကျ ဆရာတစ်ဆူပါပဲ။

ဂျပန်ရုပ်ရှင်တွေဟာ အသားမကျရင် အ၀င်နည်းနည်း ခက်ပေမဲ့ ရင်ထဲရောက်သွားတဲ့အခါ သူ့အရသာဟာ တသသကို စွဲထင်ကျန်ရစ်တတ်တယ်။ ရုပ်ရှင်အကြောင်းမပြောခင် ဖန်တီးသူဖြစ်တဲ့ ဒါရိုက်တာခိရိုရှိ ခူရိုဆ၀အကြောင်း အရင်ဆုံး မိတ်ဆက်ပေးချင်တယ်။

သူက တိုကျို အနုပညာတက္ကသိုလ်က ပရော်ဖက်ဆာ။

ဇာတ်ညွှန်းရေးဆရာ ဒါရိုက်တာနဲ့ ဝေဖန်ရေး ဆရာတစ်ယောက်ဆိုလည်း ဟုတ်တယ်။

ဒါရိုက်တာက မညံ့သလို ဒီရုပ်ရှင်ဟာလည်း ၂၀၂၀ရဲ့ အကောင်းဆုံး ဂျပန်ရုပ်ရှင်တစ်ကားလို့ ဝေဖန်ရေးဆရာတွေ ချီးကျုးခံခဲ့ရတယ်။ ဗင်းနစ်ရုပ်ရှင်ပွဲတော်မှာလည်း ငွေခြင်္သေ့ဆုရထားပါတယ်။အကောင်းဆုံးဒါရိုက်တာဆုပါ။



Cinematographyဟာလည်း အတော် သိမ်မွေ့လှပတယ်လို့ ချီးကျူးခံခဲ့ရပါတယ်။

အဓိကဇာတ်ဆောင်ကတော့ ဂျပန်ကားတွေနဲ့ သိပ်မစိမ်းတဲ့လူတွေ သိကြတဲ့ မမ ယုအအို့အိပါပဲ။

ဘော်ဒါတစ်ယောက်ပြောသလိုပြောရရင် ဟန်နီနွေဦးဂျပန်ဗားရှင်းပေါ့။

တကယ်တော့ ဒီရုပ်ရှင်ဟာ သူနဲ့တင်တန်နေပါပြီ။

ဇာတ်လမ်းကတော့ စစ်တွင်းကာလက အဖြစ်အပျက်တစ်ခုကို ဇာတ်အိမ်တည်ထားတဲ့ ဇာတ်လမ်းတစ်ပုဒ်။

1940 ဒုတိယကမ္ဘာစစ် အကြိုကာလလောက်မှာ ဇာတ်အိမ်တည်ထားတယ်။

ဂျပန်ရဲ့မတရားမှုအကြောင်း လျှို့ဝှက်ချက်တစ်ခုကို သိသွားတဲ့ လူတစ်စုရဲ့ ရွေးချယ်မှုနဲ့ နောက်ဆက်တွဲတွေအကြောင်း‌ပေါ့။

ဒါပါပဲ။ဒါကိုပဲ ဒါရိုက်တာက သဲထိတ်ရင်ဖို ဖြစ်ရ‌အောင် အလှပဆုံးတင်ဆက်သွားခဲ့တယ်။သမိုင်းမှာ မှန်ကန်တဲ့ဘက်ကနေဖို့ဆိုတာ လူတိုင်း လုပ်ချင်ကြတဲ့အရာပါပဲ။

ဒီရုပ်ရှင်ဟာ သမိုင်းမှာ မှန်ကန်တဲ့ ဘက်ကနေရတာက အလျော်အစား ဘယ်လောက် ကြီးလဲဆိုတာကို ပြထားတဲ့ရုပ်ရှင်ပါပဲ။

ဒါရိုက်တာဟာ သမိုင်းကို နှစ်ဘက်စလုံးကနေ မြင်အောင် မီးမောင်း ထိုးပြသွားခဲ့တယ်။ ဝေဖန်ရေးဆရာတွေကတော့ Wife Of A Spyဟာ ဂျပန်ရဲ့ဒုတိယကမ္ဘာစစ် အကြောင်းကို အဲဖရက်ဟစ်ကော့ရဲ့ ဟန်တစ်ချို့ ပေါင်းထည့်ပေးထားတဲ့ Melodramatic Thrillerရုပ်ရှင်လို့ဆိုပါတယ်။

Option Download Watch Live
Link1
Download Now
Watch Now


www.msubfilm.com

0 Comments:

Post a Comment

Popular Posts

Video Of the Day

3/recent/post-list

Contact Us

Name

Email *

Message *