Home » , , » Sinkhole (2021)

Sinkhole (2021)



Sinkhole (2021)

ဒီကားလေးကတော့ အားလုံးရဲ့အချစ်တော်
Runner ဟောင်းကြီး Lee Kwang Soo ပါဝင်တဲ့
Sinkhole ဆိုတဲ့ကားလေးဖြစ်ပါတယ်။

ကိုးရီးယားမှာ ရုံတင်ထားတာ မကြာသေးသလို
ပြသတုန်းကလည်း လက်မှတ်တွေအများကြီးရောင်းရတဲ့ နာမည်ကြီးရုပ်ရှင်ကားတစ်ကားပါ။

ဇာတ်လမ်းကတော့ ကားနာမည် “Sinkhole” ဆိုတဲ့အတိုင်း
တိုက်ကြီးတစ်ခုလုံးမြေပြိုသွားပြီး မြေတွင်းကြီးထဲကျသွားတာ
ဘယ်လိုဆက်အသက်ရှင်ကြမလဲ ဘယ်လိုပြန်ထွက်ကြမလဲဆိုတာကို ရိုက်ကူးပြသထားတာပါ.

ပတ်ဒုံဝန်း ဆိုတဲ့ ရုံးအလုပ်သမားတစ်ဦးက ၁၁နှစ်အကြာ ပိုက်ဆံစုဆောင်းပြီးမှာတော့
ကိုယ်ပိုင်အိမ်လေးဝယ်နိုင်ခဲ့ပါတယ်။
ဒါပေမဲ့ ဝယ်ပြီးဘယ်လောက်မှမကြာသေးဘူး။
အိမ်ကမြေပြိုသွားတော့တာပါပဲ.


သူနဲ့အိမ်နီးနားချင်းတွေဖြစ်တဲ့သူတွေနဲ့လည်း စစချင်းမတည့်ရာကနေ
အသက်အန္တရာယ်ကြုံလာကြတဲ့အခါ ဘယ်လိုဖြစ်ကြမလဲ…..
Lee Kwang Soo အပြင်
ဝါရင့်မင်းသားတွေဖြစ်တဲ့ Cha Seung Won, Kim Sung Kyun တို့ကအိမ်နီးနားချင်းတွေအဖြစ် ပါဝင်ထားပြီး
Kingdom ထဲက မိဖုရား Kim Hye Jun နဲ့
နာမည်ကြီးမင်းသား Nam Da Reum တို့လည်း ပါဝင်သရုပ်ဆောင်ထားပါတယ်။




သည်းထိတ်စရာကောင်းတဲ့ သဘာဝဘေးအန္တရာယ်ဇာတ်လမ်းမျိုးကို
ဟာသလေးတွေ တစ်ဖြတ်တစ်ဖြတ် ထည့်သွင်းထားတာဖြစ်လို့
ပေါ့ပေါ့ပါးပါးလေးနဲ့ကြည့်လို့ကောင်းပါတယ်


Option Download Watch Live
Link1
Download Now
Watch Now


www.msubfilm.com

0 Comments:

Post a Comment

Popular Posts

Video Of the Day

3/recent/post-list

Contact Us

Name

Email *

Message *