Home » , , , » Extremely Wicked, Shockingly Evil and Vile

Extremely Wicked, Shockingly Evil and Vile

 


အမေရိက သမိုင်းရဲ့ အချောဆုံး အခန့်ညားဆုံး
လူသတ်ကောင် . .

(သို့မဟုတ်)

Ted Bundy ဆိုတဲ့ စိတ္တဇ လူသတ်သမားတစ်ယောက်ရဲ့ အကြောင်း . .ဖြစ်ရပ်မှန် အဖြစ်အပျက်ပါ။
_________________

၁၉၇၀ ဝန်းကျင်တုန်းက အမေရိက မှာ Ted Bundy ဆိုတဲ့ လူတစ်ယောက် ရှိဖူးခဲ့တယ်။ သူက ရုပ်ချောတယ်။ တဖက်သားကို အရမ်း လွမ်းမိုးနိုင်တယ်။ သူ့ကိုမြင်တဲ့ ကောင်မလေးတိုင်း တဖြုတ်ဖြုတ် ကြွေကြတယ်။ စကားပြောညက်တယ်။ လူကြီးလူကောင်း ပီပီသသ နဲ့ တကယ့် ယောကျာ်းဖြောင့်ကြီး တစ်ယောက်လို နေတတ်တယ်။

ဒါပေမယ့် . . သူက လူ သတ်သမား တဲ့။ သတ်တာမှ ကောင်မလေးတွေ အမျိုးသမီးတွေကို သတ်တာ။ ပိုးစိုးပက်စက် ကို သတ်တာ။ လွှနဲ့ ခေါင်းဖြတ်သတ်တယ်။ မျက်နှာတစ်ခုလုံး ကြေမွသွားအောင် တုတ်နဲ့ ရိုက်တယ်။ မုဒိန်းကျင့်တယ်။ ဘာအကြောင်းမှ မရှိပဲကို သတ်တဲ့ စိတ်ရောဂါရှင်ဆန်ဆန် sociopath လူသတ်သမားကြီး။

နောက်တော့ အဖမ်းခံရတယ်။ ရုံးတင် စစ်တာ ခံရတယ်။

Ted Bundy ဟာ ဥပဒေ ကျောင်းသားလည်း ဖြစ်နေပါသေးတယ်။ ဒါကြောင့် သူ့အမှုကို သူကိုယ်တိုင် ရှေ့နေအဖြစ် ကိုင်တွယ်တယ်။ သူ အမှု မကျူးလွန်ကြောင်း ငြင်းဆိုတယ်။ တဖြည်းဖြည်းနဲ့ သူ့ အမှု တွေက နာမည်ကြီးလာပြီး အမေရိက သမိုင်းမှာ ပထမဆုံး ရုပ်သံ Live ထုတ်လွှင့်ခြင်းခံရတဲ့ အမှုသည် ဖြစ်လာတယ်။

 


 

သူ့ကို ရုံးထုတ် စစ်ဆေးပြီဆိုရင် ကောင်မလေးတွေ အများကြီး လာ နားထောင်ကြတယ်။ တရားသူကြီးရှေ့မှာ သူ ပြောသမျှ ဟုတ်ဟုတ် မဟုတ်ဟုတ် ယုံကြတယ်။ မင်းသားတစ်ယောက်ရဲ့ ရိုက်ကွင်းကို လာအားပေးသလိုမျိုး သူ့ကို လာအားပေးကြတယ်။

ဒီလိုနဲ့ ငြင်းလိုက်ခုံလိုက် ပယ်ချလိုက် ကာကွယ်လိုက် နဲ့ ဆယ်နှစ်ကျော်ကြာအောင် အမှု ရှည်ကြီးကို Ted Bundy တစ်ယောက် ဖြတ်သန်းပြီးချိန်မှာတော့ . . . . .

 

 

 

0 Comments:

Post a Comment

Popular Posts

Video Of the Day

3/recent/post-list

Contact Us

Name

Email *

Message *